.ကမ်းလှမ်း

A d v e r t i s e m e n t With Us

January 29, 2021

ရီးရဲလ်မက်ဒရစ်၏ ကမ်းလှမ်းမှုသတင်း နည်းပြပိုချက်တီနိုငြင်းဆို

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်တယ်ဆိုတဲ့ သတင်းတွေကို ပိုချက်တီနိုက ပယ်ချလိုက်ပါတယ်။

ပီအက်စ်ဂျီ နည်းပြသစ်ဟာ စပါးအသင်းက ထွက်ခွာလာပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်း နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သူပါ။  သူဟာ ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ရဲ့ တိုက်ရိုက်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့လည်း တချို့ သတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒါပေမဲ့ ပိုချက်တီနိုကတော့ ဒီသတင်းတွေဟာ အမှန်တွေ မဟုတ်ဘူးလို့ ပြောကာ အသင်း ဟောင်းဖြစ်တဲ့ ပီအက်စ်ဂျီက သူ့ကို ပြီးပြည့်စုံတဲ့ စီမံကိန်း တစ်ခုနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။ 

ပီရတ်ဇ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်ဆိုတာ ဟုတ်ပါသလားလို့ Marca  သတင်းရဲ့ မေးမြန်းမှုကို ပိုချက်တီနိုက “ဒီလိုမျိုး မဖြစ်ခဲ့ပါဘူး။ အသင်းတိုင်းဟာ အမြဲတမ်း လူ ပုဂ္ဂိုလ်တစ်ဦးချင်းစီထက် အရေးပါပြီး ဒီလို သတင်းတွေကိုပြောတဲ့သူဟာလည်း အဓိပ္ပါယ်မရှိတဲ့ သူပါ။ ပီအက်စ်ဂျီအသင်းဘက်က ရရှိခဲ့တဲ့ ကမ်းလှမ်းမှုကတော့ အားလုံးထဲမှာ အကောင်းဆုံး ဖြစ်နေခဲ့ပါတယ်။ အရမ်းကို ထူးခြားတဲ့ ပရောဂျက်တစ်ခုပေါ့” လို့ ပြောပါတယ်။ 

ပီအက်စ်ဂျီဟာ မကြာခင်စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ရီးရဲလ်နောက်ခံလူ ရာမို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။

ပိုချက်တီနိုက ရာမို့စ်အနေနဲ့ ပဲရစ်ကို လာမယ်ဆိုရင်ကမ္ဘာ့အကြီးမားဆုံး ဘောလုံးအသင်း တွေထဲက တစ်ခုမှာ ကစားခွင့်ရမယ်လို့ ပြောခဲ့ပြီး သူဟာ ပီအက်စ်ဂျီအတွက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ရယူဖို့ အသင်းကို ရောက်လာခဲ့တာလို့လည်း အသိပေးခဲ့ပါတယ်။

1 month Ago
Up