ကမ်းရိုးတန်းကွေ့

November 24, 2019

သြစတြေးလျ ကမ်းရိုးတန်းကွေ့၌ ရေနံတူးမည့်စီမံကိန်းကို လှိုင်းစီးသူ ရာချီ ဆန္ဒပြ

သြစတြေးလျ ကမ်းရိုးတန်းကွေ့မှာ နော်ဝေစွမ်းအင် ကုမ္ပဏီ ရေနံတူးမယ့်စီမံကိန်းကို နိုဝင်ဘာ ၂၃ ရက်နေ့က ရာနဲ့ချီတဲ့ လှိုင်းစီးသူတွေ ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ အက်ကွင်နော ရေနံကုမ္ပဏီ  ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုအဖြစ် အဲဒီဆန္ဒပြပွဲမှာ ထောင်ချီတဲ့ လှိုင်းစီးသူတွေ ပါဝင်ခဲ့တယ်လို့ ဒေသမီဒီယာက ဖော်ပြခဲ့ပါတယ်။   မန်လေဘိချ်မှာ လုပ်တဲ့ ဆန္ဒပြပွဲကို ၇ ကြိမ်မြောက် လှိုင်းစီးချန်ပီယံ လိန်းဘိချ်လီလည်း  ပူးပေါင်းခဲ့ပါတယ်။  ဘိချ်လီက သြစတြေးလျဟာ ရေနံတူးဖို့ မဟုတ်ဘဲ စွမ်းအင်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်တွေ ထပ်ရှာဖွေဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။  သြစတြေးလျကမ်းရိုးတန်းကွေ့ဟာ တိုက်ရဲ့ တောင်ဘက်ခြမ်းမှာရှိပြီး ကုန်းမကြီး အနီးဆုံးနေရာကနေ  ၂၂၃ မိုင်အကွာ၊ ရေအောက် အနက်ပေ ၇,၃၀၀ ကျော်မှာ ရေနံအစမ်းတွင်းတူးဖို့ စီစဉ်ထားတယ်လို့ နော်ဝေကုမ္ပဏီက  ပြောပါတယ်။   ကမ်းရိုးတန်းကွေ့ဟာ ရေနံတွေ့ဖို့အလားအလာ အလွန်ရှိတယ်လို့ ယူဆနေတဲ့ အက်ကွင်နောက ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းမှာ ရေနံအစမ်းတွင်းတွေ စတူးဖော်ဖို့  စီစဉ်ထားပါတယ်။
2 years Ago
Up