သီရိလင်္ကာနိုင်ငံမှာ နိုဝင်ဘာ ၂ ရက်က ကမ်းခြေပေါ် တင်နေတဲ့ ဝေလငါး အကောင် ၁၀၀ လောက်ကို ရွာသားတွေက ပင်လယ်ထဲ ပြန်လွှတ်ပေးလိုက်ပါတယ်။
မြို့တော် ကိုလံဘို တောင်ဘက် ပန်နာဒူရာရွာ ကမ်းခြေမှာ ရွာသားတွေက ရေထဲဆင်းပြီး သောင်တင်နေတဲ့ ဝေလငါးငယ်တွေကို ပင်လယ်ထဲ ပြန်တွန်းပို့ခဲ့သလို ရွာသားတွေကလည်း ၂၄ နာရီ ကိုရိုနာဗိုင်းရပ်စ် ကာဖျူးထုတ်ထားတာကို မလိုက်နာဘဲ လူစုလူဝေးနဲ့ ကြည့်ရှုခဲ့ပါတယ်။
ရွာသားတစ်ယောက်ကလည်း ငါးဖမ်းနေတုန်း ဝေလငါး အကောင် ၁၀၀ ခန့် ကမ်းပေါ်တင်နေတာ တွေ့လို့ နိုင်သလောက် ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသတင်း ပျံ့နှံ့ခဲ့ပြီးနောက် သီရိလင်္ကာရေတပ်က ဝေလငါးတွေကို ကူညီကယ်ဆယ်ရေးမှာ ပါဝင်ခဲ့ပါတယ်။
ရေတိမ်ပိုင်းမှာ ဝေလငါး သောင်တင်တဲ့ဖြစ်စဉ်ဟာ သိပ္ပံပညာရှင်တွေအဖို့ ပဟေဠိတစ်ခု ဖြစ်နေဆဲလို့ ရိုက်တာက ဖော်ပြထားပါတယ်။
2 years Ago