ကမ်းခြေစောင့်တပ်ဖွဲ့

A d v e r t i s e m e n t With Us

December 24, 2019

လှေစီးဒုက္ခသည် ၅၂ ယောက်ကို စပိန် ကမ်းခြေစောင့်တပ်ဖွဲ့ ကယ်ဆယ်

စပိန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ အတ္တလန္တိတ်ပင်လယ်ထဲက လှေစီးဒုက္ခသည် ၅၂ ယောက်ကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ကယ်ဆယ်ပြီး စပိန်နိုင်ငံ ဂရန်ကာနာရီယာကျွန်းဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ လှေတစီးပေါ်မှာ လိုက်ပါလာကြတဲ့ ဒုက္ခသည်စုစုပေါင်း ၅၂ ယောက်စလုံးဟာ အမျိုးသားတွေ ဖြစ်ကြပါတယ်။ ဂရန်ကာနာရီယာကျွန်း ဆိပ်ကမ်းဆီကို ရောက်လာချိန်မှာတော့ ကြက်ခြေနီ ဝန်ထမ်းတွေနဲ့ စပိန်ရဲတပ်ဖွဲ့က သူတို့ကို စောင်တွေ၊ အစားအစာတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဝန်ဆောင်ပေးခဲ့ကြပါတယ်။ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက ထောင်ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ဥရောပကို ရောက်ဖို့ အန္တရာယ်များတဲ့ ပင်လယ်ပြင်ခရီးကို ဖြတ်ကျော်ဖို့ ကြိုးစားကြတာပါ။ ဒီဇင်ဘာလ ၁ ရက်နေ့အထိ စပိန်နိုင်ငံထဲကို ပင်လယ်ရေကြောင်းကနေတဆင့်  တရားမဝင် ရောက်လာတဲ့ ဒုက္ခသည် ၂၄၀၀၀ ကျော်ရှိပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၂၉ ရာခိုင်နှုန်း လျော့ကျသွားတာ ဖြစ်တယ်လို့ စပိန် ပြည်ထဲရေးဝန်ကြီးဌာနက အစီရင်ခံပါတယ်။
1 year Ago
Up