ကမ်းခြေ

August 16, 2020

မွန်ပြည်နယ်ရှိ ကမ်းခြေ၊ အပန်းဖြေစခန်းနှင့် ရေတံခွန်များ ဆက်ပိတ်ထားမည်

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို သြဂုတ် ၃၁ ရက်နေ့အထိ သက်တမ်းထပ်တိုးလိုက်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က သြဂုတ် ၁၅  ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်မှာတော့ လူစုလူဝေးနဲ့ ကျင်းပမယ့် ပွဲလမ်းသဘင်၊ အခမ်းအနားတွေကို ရပ်ဆိုင်းထားဖို့ အပါအဝင် ပြည်သူတွေ သိရှိလိုက်နာ ဆောင်ရွက်ဖို့ ညွှန်ကြားထားတဲ့ ညွှန်ကြားချက် ၇ ချက်ကိုလည်း သက်တမ်းထပ်တိုးထားတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပြည်နယ်အတွင်းရှိ ပန်းခြံ၊ ကမ်းခြေ၊ ရေတံခွန်တွေ၊ အပန်းဖြေစခန်းတွေ၊ ရုပ်ရှင်ရုံနဲ့ KTV ဆိုင်အားလုံးကို အရင်တိုင်း ဆက်လက်ပိတ်ထားရဦးမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ နေအိမ် အပြင်ထွက်တိုင်း Mask မဖြစ်မနေ တပ်ဆင်ဖို့လည်း ပါဝင်ပါတယ်။  ဖြေလျှော့မှုတွေအနေနဲ့ လူ ၁၅ ဦးထက် ပိုမစုဝေးရ အမိန့်အစား လူ ၃၀ အထိ စုဝေးနိုင်တယ်လို့ ဆိုထားပါတယ်။  သတင်း- ဇော်လွင်ထွဋ်
1 year Ago

June 26, 2020

အင်္ဂလန်ရှိ ကမ်းခြေတွင် ကျန်းမာရေးစည်းကမ်းချက်မလိုက်နာ၍ အရေးပေါ်ကြေညာ

အင်္ဂလန်တောင်ပိုင်းက လူကြိုက်များတဲ့ ဘွန်းမစ်ကမ်းခြေကို လာကြသူတွေဟာ ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်တွေကို မလိုက်နာကြတာကြောင့်  ဇွန် ၂၅  ရက်မှာ အာဏာပိုင်တွေက  အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။   ပူပြင်းတဲ့ရာသီမှာ ရာနဲ့ချီတဲ့ဧည့်သည်တွေ ရောက်လာပြီး လမ်းပိတ်ဆို့တာတွေ၊ ညလုံး ပေါက် တရားမဝင် စခန်းချနေတာတွေ၊ အမှိုက်အလွန်အကျွံ စွန့်ပစ်တာတွေ၊ ခပ်ခွာခွာနေရေး စည်းကမ်းတွေကို မလိုက်နာတာနဲ့ အရက်သောက်ပြီး ရန်ဖြစ်ကြတာကြောင့် အာဏာပိုင်တွေက ကြေညာချက် ထုတ်ခဲ့တာပါ။   စည်းကမ်းမဲ့ယာဉ်ရပ်မှုတွေကြောင့် လမ်းတွေ ပိတ်ဆို့သလို၊ အမှိုက်သွန်ဖို့ လုပ်တဲ့ ဝန်ထမ်း တွေဟာလည်း ဆဲဆိုခံရပါတယ်။  ဒါ့အပြင် ကမ်းခြေရှိရာ ကမ်းရိုးတန်းကနေ  အမှိုက်  ၃၃ တန်ကို စွန့်ပစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။  ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တာကို တားဆီးဖို့  မတ်လကတည်းက  တဦးနဲ့တဦး  ခပ်ခွာခွာနေရေး စည်းကမ်းတွေ ထုတ်ပြန်ထားတယ်လို့  သိရပါတယ်။ 
1 year Ago
More News
Up