ကမ်းကပ်ဖို့ ငြင်း

February 13, 2020

နိုင်ငံ၅ နိုင်ငံက ကမ်းကပ်ရန်ငြင်းဆန်ခဲ့သည့် အပျော်စီးသင်္ဘော ကမ္ဘောဒီးယာတွင် ဆိုက်ကပ်ခွင့်ရ

ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်မှာကို ကြောက်ပြီး နိုင်ငံ ၅ နိုင်ငံက  ကမ်းကပ်ဖို့ ငြင်းဆန်ခဲ့တဲ့ အပျော်စီးသင်္ဘော MS Westerdam ဟာ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ ကမ္ဘောဒီးယားမှာ ကမ်းကပ်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့်မို့  ခရီးသည်တွေ စိတ်သက်သာရာရခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ကမ္ဘောဒီးယားနိုင်ငံကို ချီးကျူး လိုက်ပါတယ်။  အပျော်စီးသင်္ဘော MS Westerdam ပေါ်မှာ ခရီးသည် ၁၄၅၅  ဦးနဲ့ အမှုထမ်း ၈၀၂ ဦးတို့ လိုက်ပါလာပြီး စင်ဟာနုဗိုဆိပ်ကမ်းမြို့အနီးမှာ ကျောက်ချရပ်နားထားပါတယ်။ အဲဒီအပျော်စီးသင်္ဘောမှာ နေထိုင်မကောင်းဖြစ်သူ တဦးမှ မရှိပေမယ့်လည်း  ဂျပန် ၊ ထိုင်ဝမ် ၊ ဂူအမ် ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့က ကမ်းကပ်ခွင့်ငြင်းဆန်ခဲ့တာပါ။  ဒါပေမဲ့ ကမ္ဘောဒီးယားမှာတော ခရီးသည်အများစု ကမ်းပေါ်ဆင်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်မှာ မြို့တော် ဖနွမ်းပင်ကနေ စင်းလုံးငှားလေယာဉ်တွေနဲ့ မိခင်နိုင်ငံတွေဆီ ပြန်ကြလိမ့်မယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up