ကမ်းခြေစောင့်အရာရှိ

February 21, 2019

လူအများအပြားအား တိုက်ခိုက်ရန် စီစဉ်သည့် အမေရိကန်ကမ်းခြေစောင့်အရာရှိကို ဖမ်းဆီး

လူအများအပြားကို တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ အမေရိကန်ကမ်းခြေစောင့်အရာရှိ ၁ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ အမေရိကန် အစိုးရရှေ့နေတွေက ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ  ပြောပါတယ်။ သူ့ကိုယ်သူ လူဖြူအမျိုးသားရေးဝါဒီလို့ ပြောကြားတဲ့ ခရစ္စတိုဖာ ပေါလ် ဟတ်ဆန်ဟာ ၀ါရှင်တန်က ကမ်းခြေစောင့်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး မယ်ရီလန်းပြည်နယ် ဆင်ခြေဖုံးမှာ နေထိုင်ပါတယ်။ ဆေးဗားစပရင်းဖီးလ်မှာရှိတဲ့ ဟတ်ဆန်ရဲ့နေအိမ်ကနေ သေနတ် ၁၅ လက်နဲ့ ခဲယမ်းတောင့် ၁,၀၀၀ ကော်ျကို အေးဂျင့်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဟတ်ဆန်ဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပယ်လိုစီနဲ့ MSNB ရုပ်သံတင်ဆက်သူ  ဂျိုး- စကားလ်ဘာရာ အပါအ၀င် ပစ်မှတ်တွေကို စာရင်းပြုစုထားတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ ဒီအတွက် ဟတ်ဆန်ကို ပြည်တွင်းအကြမ်းဖက်သမားလို့ နာမည်တပ်ပြီး လက်နက်မှု၊ မူးယစ်ဆေးမှုတွေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ဟတ်ဆန်ဟာ ၂၀၁၇ ခုနှစ်ကစပြီး နော်ဝေလက်ယာယိမ်း အစွန်းရောက်သမား အန်းဒက်ရှ် ဘယ်ရင် ဘရိုက်ဗင်ရဲ့ မူဝါဒကြေညာစာတမ်းကို အမြဲဆိုသလို လေ့လာခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up