ကမ်းခြေဝတ်စုံကို အခြေခံပြီး ဒီဇိုင်းထုတ်ထားသည့် ဖက်ရှင်ပြပွဲ ပြုလုပ်

August 30, 2017

ကမ်းခြေဝတ်စုံကို အခြေခံပြီး ဒီဇိုင်းထုတ်ထားသည့် ဖက်ရှင်ပြပွဲ ပြုလုပ်

ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့မှာ သြဂုတ် ၂၈ ရက်နေ့က နာမည်ကြီး ဘရာဇီးအနုပညာရှင် တာဆီလာရဲ့ ကမ်းခြေဝတ်စုံပေါ် အခြေခံပြီး ဒီဇိုင်းထုတ်ထားတဲ့ ဖက်ရှင်ပြပွဲ ပြုလုပ်ခဲ့ပါတယ်။ အော့စ်ကလန်ဖက်ရှင်ပြပွဲ ပွဲဦးထွက်အနေနဲ့ အဖြူရောင်ကင်းဗတ်ကို ကိုယ်စားပြုတဲ့၊ သန့်ရှင်းကြည်လင်တဲ့ အဖြူရောင်၊ နို့နှစ်ရောင် ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပွဲထုတ်ခဲ့ပြီး အနက်ရောင်နဲ့ မီးခိုးရောင် ဖက်ရှင်ဒီဇိုင်းတွေကိုလည်း ပြသခဲ့ပါတယ်။ ဒီနောက်မှာတော့ ဘရာဇီးပန်းချီပညာရှင် တာဆီလာရဲ့ ပန်းချီကားအရောင်တွေနဲ့ ဇာတ်ကောင်တွေကို ပုံဖော်ထားတဲ့ ဖက်ရှင်တွေကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဖက်ရှင်ဂျာနယ်လစ်တဦးက “ဒီဇိုင်နာတွေက သုံးစွဲသူတွေ ဘာလိုအပ်မလဲဆိုတာကို ပိုစဉ်းစားကြတယ်ထင်တယ်။ အခုအခါမှာ ဖက်ရှင်က သိပ်စိတ်ကူးယဉ် မဆန်တော့ဘူး။ ဖက်ရှင်ရဲ့ အခန်းကဏ္ဍတခုက လူတွေကို ပိုကောင်းတာတွေ စိတ်ကူးယဉ်ခိုင်းတာပဲ” လို့ ပြောပါတယ်။ ဖက်ရှင်ဒီဇိုင်နာတဦးကတော့ “ဖက်ရှင်ပြပွဲဟာ ခေတ်ရေစီးကြောင်းကို ပြသတာပါ။ လှပပြီး စမတ်ကျတဲ့လူတွေကို မြင်တွေ့ရတယ်။ ဒီဇိုင်းတွေအကြောင်း ဆွေးနွေးတယ်။ စဉ်းစားတယ်။ ကိုယ့်ကိုယ်ကိုယ် ခေတ်မီအောင် အလှဆင်တယ်။ ဖက်ရှင်ပြပွဲမှာ ကျမမျှော်လင့်တာ အဲဒါပါပဲ” လို့ ပြောသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ တခြားဒီဇိုင်နာတွေရဲ့ ခေတ်မီဆန်းပြားတဲံ့ ဘီကီနီတွေ၊  လုံချည်ဒီဇိုင်းတွေနဲ့ ဖက်ရှင်ပြပွဲကို အဆုံးသတ်ခဲ့ပါတယ်။ အဲဒီဖက်ရှင်ပြပွဲကို သြဂုတ် ၂၉ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပြီး ပြပွဲမှာ ပွဲထုတ်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းတွေကိုတော့ လာမယ့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီကျရင်  နယူးယောက်မြို့မှာ ဝယ်ယူရရှိနိုင်ပါတယ်။
4 years Ago
Up