ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့နားက ကမ်းခြေတခုမှာ သြဂုတ် ၂ ရက်နေ့က လေယာဉ်ငယ်တစင်း အရေးပေါ်ဆင်းသက်ခဲ့ရပြီး လူ ၂ ဦး သေဆုံးမှု ဖြစ်ခဲ့ပါတယ်။
ပေါ်တူဂီမြို့တော်အနီးက Sao Joao da Caparica ကမ်းခြေမှာ အပန်းဖြေနေသူ ၂ ဦးအပေါ်ကို လေယာဉ်က ဖြတ်ကြိတ်မိသွားတာ ဖြစ်တယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။
လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
အဲဒီကမ်းခြေဟာ မြို့တော် လစ္စဘွန်းနဲ့ အနီးဆုံးမှာတည်ရှိပြီး သြဂုတ်လမှာ လာရောက်လည်ပတ်သူ များလေ့ရှိတယ်လို့ သိရပါတယ်။
5 years Ago