ကမ်းတက်တပ်ဖွဲ့

June 16, 2018

လက်ရွေးစင် ကမ်းတက်တပ်ဖွဲ့ တည်ဆောက်ရန် တရုတ်သမ္မတ ပြော

တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်သူတွေ ယုံကြည်အားကိုးခံရတဲ့ စစ်ဆင်ရေးအမျိုးမျိုးကို ဆောင်ကြဉ်းရေးအတွက် လက်ရွေးစင် ကမ်းတက်တပ်ဖွဲ့ကို တည်ဆောက်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အလေးပေး ပြောဆိုလိုက်ပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် မြောက်ပိုင်းတိုင်း လက်အောက်က ရေတပ်ကို စစ်ဆေးချိန် ဇွန် ၁၁ ရက်က ခုလို ပြောလိုက်တာပါ။ ရှီဟာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဖြစ်သလို တပ်မတော် ဗဟို ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ရှီဟာ သင်္ဘောသားတွေကိုလည်း တိုက်ခိုက်ရေး စွမ်းရည် အားဖြည့်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ “ရေငုပ်သင်္ဘောတွေဟာ တိုင်းပြည်ရဲ့ အဖိုးတန်ရတနာပဲ။ ကျနော်တို့ ရေတပ်နဲ့ ရေငုပ်သင်္ဘော တပ်ထဲမှာ အမြန်အဆင့်မြင့်အောင် လုပ်ဖို့ မျှော်လင့်တယ်” လို့ ရှီက ပြောပါတယ်။ တပ်အတွက် သင်တန်းဆိုင်ရာ ပံ့ပိုးမှု အင်္ဂါရပ်တွေကို တည်ဆောက်ရာမှာ အားဖြည့်ဖို့လည်း ရှီက သက်ဆိုင်ရာဌာနတွေကို တိုက်တွန်းခဲ့ပါတယ်။ ဇွန် ၁၄ ရက်ကတော့ ရှီဟာ ရှန်တုံး ပြည်နယ်ရဲ့ မြို့တော် ဂျိနန်မှာ အကြီးတန်း စစ်ဘက် အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
3 years Ago
Up