ကမ်မရွန်း ခရီးသည်တင်ရထား တိမ်းမှောက်မှု ၅၅ ဦးသေဆုံး၊ ၆၀၀ ခန့် ဒဏ်ရာရ

A d v e r t i s e m e n t With Us

October 22, 2016

ကမ်မရွန်း ခရီးသည်တင်ရထား တိမ်းမှောက်မှု ၅၅ ဦးသေဆုံး၊ ၅၇၅ ဦး ဒဏ်ရာရ

ကင်မရွန်းနိုင်ငံမှာ ခရီးသည်တင် ရထားတစီး လမ်းချော်တိမ်းမှောက်ခဲ့လို့ ၅၅ ဦးသေဆုံးပြီး ၅၇၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရထားဟာ ကမ်မရွန်းနိုင်ငံရဲ့ ရွန်ဒီမြို့နဲ့ဒူအာလာမြို့ကြား မောင်းနှင်လာစဉ် အောက်တိုဘာလ ၂၁ ရက်၊ ဒေသစံတော်ချိန် မနက် ၁၁ နာရီလောက်က မြို့တော်ရဲ့အနောက်ဘက် ၁၂၀ ကီလိုမီတာ (၇၅ မိုင်) အကွာအဝေးလောက်မှာ လမ်းချော်တိမ်းမှောက်မှုဖြစ်ခဲ့ပါတယ်။ ရထားအရှေ့ဘက်တွဲမှာ စီးနင်းလာတဲ့ ရိုက်တာရဲ့သတင်းထောက်တဦးက “အသံကျယ်ကြီး ကြားလိုက်ရတယ်၊ နောက်လှည့်ကြည့်လိုက်တော့ ကျနော်တို့နောက်က ရထားတွဲကြီးက လမ်းကနေ ချော်ထွက်လာပြီး လှိမ့်လာတယ်၊ မီးခိုးတွေလည်း အများကြီးပဲ” လို့ ပြောါပတယ်။ ရွန်ဒီမြို့က မထွက်ခင်မှာ နောက်ထပ်ခရီးသည်တွေ တင်ဖို့ ရထားကို တွဲတွေထပ်ချိတ်မယ်လို့ ရထားအလုပ်သမားကပြောတယ်၊ ဒါပေမယ့် ဒါကြောင့်ဖြစ်တာလား ဘာလားဆိုတာတော့ သဲသဲကွဲကွဲ မသိရဘူးလို့ ဆိုပါတယ်။ တိမ်းမှောက်ရထားရဲ့ ၀န်ထမ်းတဦးက “အမျိုးသမီးတွေနဲ့ ကလေးအလောင်းတွေ အများကြီးပဲ” လို့ ပြောပါတယ်။ “ကယ်ဆယ်ရေးတွေ ရောက်လာပြီး ရထားတွဲထဲက အလောင်းတွေကို ဆွဲထုတ်တယ်၊ ကျနော် ရေလိုက်တော့ အလောင်း ၄၀ လောက်ရှိမယ်” လို့ပြောပါတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးရုံတွေကို ပို့လိုက်တယ်လို့ ဆိုပါတယ်။ အာဖရိကရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်းနိုင်ငံတွေရဲ့ ရထားလမ်းတွေဟာ ပြုပြင်ထိန်းသိမ်းမှုနည်းပါပြီး လုံခြုံရေးစံနှုန်းတွေကို အလေးထား မလုပ်ဆောင်ဘူးလို့ သတင်းထွက်နေပါတယ်။  
4 years Ago
Up