တကိုယ်တော် ပြည်ပြေး ကမ္ဘောဒီးယားအတိုက်ခံ ဆမ်ရန်ဆီဟာ နိုဝင်ဘာ ၉ ရက်နေ့က မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူကို ရောက်ရှိနေပါတယ်။
ဆမ်ရန်ဆီက သူဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အတိုက်အခံတွေကို ပြန်လည်စုစည်း တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။
ကွာလာလမ်ပူလေဆိပ်ကို ရောက်လာတဲ့ ဆမ်ရန်ဆီက “မျှော်လင့်ချက်ထားပါ၊ သူတို့တွေ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ပြီ” လို့ ပြောခဲ့ပါတယ်။
သူက “မလေးရှားမှာ ဒီမိုကရေစီ အနိုင်ရခဲ့သလို ကမ္ဘောဒီးယားမှာလည်း ဒီမိုကရေစီ အနိုင်ရလိမ့်မယ်”လို့ ပြောပါတယ်။
အတိုက်အခံခေါင်းဆောင် ဆမ်ရန်ဆီဟာ ကမ္ဘောဒီးယားလွတ်လပ်ရေးနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ပြည်တော်ပြန်လာဖို့စီစဉ်ခဲ့ပေမဲ့ နိုဝင်ဘာ ၇ ရက်နေ့က သူဟာ ဘန်ကောက်သွားမယ့် ထိုင်းလေကြောင်းလိုင်းပိုင်လေယာဉ်ပေါ် တက်ခွင့် တားမြစ်ခံရပါတယ်။
သူနဲ့ အတိုက်အခံပါတီခေါင်းဆောင် တချို့က သူတို့ဟာ ထိုင်းနယ်စပ်ကနေ ကမ္ဘောဒီးယားကို ပြန်လာချင်တယ်လို့ ပြောခဲ့ပါတယ်။
ကမ္ဘောဒီးယားအစိုးရကတော့ ဆမ်ရန်ဆီပြန်လာရင် အသရေဖျက်မှုနဲ့ ပြန်ပြီး စွဲချက် အတင်ခံရမယ်လို့ ဆိုပါတယ်။
ဆမ်ရမ်ဆီဟာ သီးခြားပြစ်မှုတခုနဲ့လည်း ထောင်ဒဏ် ၅ နှစ် ရင်ဆိုင်နေရပြီး သူ့အပေါ် စွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ လှုံ့ဆော်တာ ဖြစ်တယ်လို့ ဆီရမ်ဆီက ပြောပါတယ်။
ဘဏ္ဍာရေး ဝန်ကြီးဟောင်းတဦးဖြစ်တဲ့ ဆမ်ရန်ဆီဟာ ၁၉၉၀ နောက်ပိုင်းကစလို့ ဟွန်ဆန်ရဲ့ အတိုက်အခံဖြစ်လာပြီး ၂၀၁၅ ခုနှစ်မှာ ကမ္ဘောဒီးယား ပြန်လာမယ်လို့ ပြောခဲ့ပေမဲ့ တကယ်တမ်း ပြန်မလာဖြစ်ခဲ့ပါဘူး။
3 years Ago