ကမ္ဘောဒီးယားရိုးရာ

May 15, 2020

ခေတ်အဆက်ဆက် တည်တံ့နေဆဲ ကမ္ဘောဒီးယားရိုးရာ အရိပ်ရုပ်သေးပညာ

ကမ္ဘောဒီးယားနိုင်ငံက ရိုးရာအရိပ်ရုပ်သေး အနုပညာဟာ ၇ ရာစုတည်းက ပေါ်ပေါက်ပြီး ခမာ လူမျိုးတုံး သတ်ဖြတ်မှုစစ်ပွဲတွေနဲ့ အင်ပါယာပြိုကျပျက်စီးမှုတွေအကြားမှာ ခုထိ တည်တံ့ခဲ့တာပါ။ ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့ကြီး ယူနက်စကိုက ဒြပ်မဲ့ယဉ်ကျေးမှု  အမွေအနှစ်အဖြစ် ၂၀၀၅ ခုနှစ်မှာ သတ်မှတ်ပေးခဲ့အပြီး  လတ်တလော နှစ်တွေအတွင်း အရိပ်ရုပ်သေးပညာဟာ နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသည်တွေနဲ့ ရန်ပုံငွေတွေက အဓိက အထောက်အပံ့ ဖြစ်လာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးစတည်းက မြို့တော် ဖနွမ်ပင်က အရိပ်ရုပ်သေး ပြဇာတ်ရုံ ဟာလည်း ထိခိုက်နစ်နာခဲ့ရတာပါ။ ကူးစက်ကပ်ဘေးကိုရှောင်ဖို့ လူစုလူဝေးလုပ်ခွင့် ပိတ်ပင်ထားတဲ့အပြင် ခရီးသွား ကန့်သတ်ချက်တွေကြောင့် ရုပ်သေးရုံကို ပိတ်ထားရပါတယ်။  ကမ္ဘောဒီးယား အရိပ်ရုပ်သေးမှာ ဆဘက်ထွန်မ်နဲ့ ဆဘက်ဖိန်းဆိုပြီး ပုံစံ ၂မျိုး ရှိပါတယ်။ အသေးစားရုပ်သေးမှာတော့ လှုပ်ရှားနိုင်တဲ့ ခြေလက်တွေရှိပြီး ၂ မျိုးလုံးကတော့ ဟိန္ဒူရိုးရာ ပုံပြင်တွေကို ကပြလေ့ရှိတာပါ။ အန်ကာအင်ပါယာကြီး ၁၅ ရာစုမှာ ပြိုကွဲအပြီး ရုပ်သေးပညာဟာ ဝတ်ပြုဆုတောင်းမှုကနေ အနုပညာအဖြစ် ကူးပြောင်းခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ အခမ်းအနား အများအပြားမှာ ဖျော်ဖြေမှုမစခင် ဆုတောင်းပွဲတွေမှာ သုံးနေဆဲပါ။ ကမ္ဘောဒီးယားနိုင်ငံထဲမှာ အရိပ်ရုပ်သေးအဖွဲ့ ငါးဖွဲ့ရှိပြီး အားလုံးဟာ အလားတူ အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။
11 months Ago
Up