ကမ္ဘောဇဘဏ်

A d v e r t i s e m e n t With Us

January 11, 2021

ကမ္ဘောဇဘဏ်က ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေ ကျပ်သန်း ၃၀၀၀ လှူဒါန်း

မြန်မာ့ထိပ်တန်းဘဏ်တခုဖြစ်တဲ့ ကမ္ဘောဇဘဏ်က ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေ ကျပ်သန်း ၃၀၀၀ ထည့်ဝင်လှူဒါန်းလိုက်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ကို ဗစ်-၁၉ ကာကွယ်ဆေးတွေဝယ်ယူနိုင်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းထားခဲ့ပြီး ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအဖြစ်   နိုင်ငံတော်က မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့  ကျပ်သန်း ၁၀၀၀  စတင် ထည့်ဝင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဆပ်ကော်မတီကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်မှာ ဘဏ်အကောင့် ၂ ခု ဖွင့်လှစ်ထားတာလို့ စီမံကိန်း၊ ဘဏ္ဍာနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ ရန်ပုံငွေအတွက် နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 မှာ နိုင်ငံတော်က မတည်ရန်ပုံငွေ အဖြစ် ကျပ် ၃၃၈ ဘီလီယံလောက်နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ စတင် ထည့်သွင်းပေးထားမှာဖြစ်သလို မြန်မာငွေစာရင်းအမှတ် OA 013733 မှာလည်း နိုင်ငံတော်က မြန်မာကျပ်ငွေ သန်း ၁၀၀၀ ကို စတင်ထည့်သွင်းထားပါတယ်။ ကာကွယ်ဆေးဝယ်ယူဖို့အတွက် ပြည်တွင်းပြည်ပကနေ ပါဝင်လှူဒါန်းလိုကြတဲ့ ပြည်သူတွေ အနေနဲ့ အထက်ပါ ဘဏ်စာရင်းတွေမှာ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့လည်း အသိပေးကြေညာ ထားပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်တွင်း ထိပ်သီးလုပ်ငန်းရှင်တချို့က ပါဝင်လှူဒါန်းမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က ကာကွယ်ဆေး ရန်ပုံငွေအတွက် ငွေကျပ် ၂ ဘီလီယံ၊ ဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကအမေရိကန်ဒေါ်လာ ၁ သန်းခွဲ၊ Capital Diamond Star Group လုပ်ငန်းက  အမေရိကန်ဒေါ်လာ ၁ သန်းလှူဒါန်းထားပါတယ်။ အဲဒီနောက် တပ်မတော်ကလည်း ဇန်နဝါရီ ၇ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ထည့်ဝင်လှူဒါန်း ထားပါတယ်။ လတ်တလောမှာတော့ ကမ္ဘောဇဘဏ်က ကျပ်သန်း ၃၀၀၀ ထည့်ဝင်လှူဒါန်းထားပြီး ကမ္ဘောဇညီနောင်ကုမ္ပဏီများအနေဖြင့် ဒီလှူဒါန်းမှုအပါအဝင် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပြီးခဲ့တဲ့ ၂၀၂၀ ဖေဖော်ဝါရီလ ကတည်းက ဒီကနေ့အထိ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံကျော် လှူဒါန်းထားခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
2 months Ago

September 5, 2020

ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ ရွေ့လျားကိုယ်အပူချိန်တိုင်းစက်များ ကမ္ဘောဇဘဏ်က လှူဒါန်း

ရန်ကုန်တိုင်းထဲမှာ ကိုယ်အပူချိန်တိုင်းတာနိုင်ဖို့အတွက် ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိတဲ့ ရွေ့လျားကိုယ်အပူချိန်တိုင်းစက်တွေကို ကမ္ဘောဇဘဏ်က လှူဒါန်းလိုက်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးမှာသုံးဖို့ အနီအောက်ရောင်ခြည်သုံး ကိုယ်အပူချိန်တိုင်းစက် ၆ လုံး လှူဒါန်းတာဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရဟာ ၂၀၂၀ မေလတုန်းက စက် ၄ လုံးကို ကားတွေမှာ တပ်ဆင်ပြီး ကိုယ်အပူချိန်လိုက်လံစစ်ဆေးတာတွေလုပ်ခဲ့လို့ အခုဆိုရင် ၁၀ လုံးဖြစ်လာပါတယ်။ ဒီရွေ့လျားကိုယ်အပူချိန်စစ်ဆေးယာဉ် ၁၀ စီးနဲ့ စက်တင်ဘာ ဒုတိယပတ်မှာ ကိုယ်အပူချိန်တိုင်းတာတွေလုပ်မှာ ဖြစ်ပြီး ယာဉ်တစီးဟာ နေ့စဉ် လူ ၃၀၀၀ လောက်ကို စစ်ဆေးနိုင်မယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ရွေ့လျားကိုယ်အပူချိန်စစ်ဆေးမှုတွေ ပြုလုပ်နိုင်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါလက္ခဏာ ရှိနိုင်တဲ့သူတွေကို ခွဲထုတ်စစ်ဆေးနိုင်ပြီး ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုတွေ ပိုပြီးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူထူထပ်တဲ့နေရာတွေမှာ တစ်ဦးနဲ့တစ်ဦး ကူးစက်နိုင်ခြေကနေ ကာကွယ်နိုင်ဖို့ ထိတွေ့မှုရှိသူတွေရဲ့ နောက်ကြောင်းကို ပြန်စစ်ဆေးရာမှာလည်း တာဝန်ရှိသူတွေကို အထောက်အကူ ဖြစ်စေမှာပါ။ ကျနော်ရဲ့ ရွေ့လျားကိုယ်အပူချိန်တိုင်းယာဉ်တွေနဲ့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ တွေ့ရှိမှုများတဲ့ မြို့နယ်တွေမှာ လှည့်လည်တိုင်းတာစစ်ဆေးသွားမှာပါ ” လို့ ပြောပါတယ်။ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်တဲ့ အပူချိန်ကို အနီအောက်ရောင်ခြည် နည်းပညာအသုံးပြုပြီး စစ်ဆေးရာမှာ ပုံမှန်အားဖြင့် နဖူးကနေ စတင်တိုင်းတာပြီး အဓိက ခန္ဓာကိုယ်အစိတ်အပိုင်းတခုလုံးရဲ့ အပူချိန်ကို ခန့်မှန်းဖော်ပြတာဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေအတွက် ဖေဖော်ဝါရီလကစလို့ ငွေကျပ်သိန်းပေါင်း ၆၁၀၀၀ ကျော်လှူဒါန်းထားပြီး ဖြစ်ပါတယ်။
6 months Ago
More News
Up