ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီ

June 25, 2020

ကမ္ဘာတဝန်း၌ သီတင်းပတ်အတွင်း ကိုရိုနာကူးစက်သူ ၁၀ သန်း ရှိလာနိုင်ဟု WHO ပြော

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဦးရေဟာ အခုမှာ ၉ သန်းကျော် ရှိနေပြီး လာမယ့် သီတင်းပတ်အတွင်း ကူးစက်ခံ ဦးရေ ၁၀ သန်းကို ရောက်မယ်လို့ မျှော်လင့်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ ညွှန်ချုပ် တေဒရို အဒ်ဒါနွန်က ဇွန်လ ၂၄ ရက်မှာ ပြောပါတယ်။  ဗိုင်းရပ်စ်ကူးစက်မှုကို ကန့်သတ်ရာမှာ ကူညီရေး နှစ်စဉ် ကျင်းပနေကျ ဟာ့ဂျ်ဘုရားဖူး အစီအစဉ်ကို တက်လာမယ့် နိုင်ငံတကာ ဘုရားဖူးတွေကို တားမြစ်ပိတ်ပင်လိုက်တဲ့ ဆော်ဒီအာရေဗျ အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုလည်း သူက ကြိုဆိုခဲ့ပါတယ်။ အမေရိကနိုင်ငံတွေ အများအပြားမှာ အထူးသဖြင့် အလယ်နဲ့ တောင် အမေရိက ဒေသတွေက နိုင်ငံတွေမှာ ကူးစက်မှုက အရှိန်အမြင့်ဆုံးအဆင့်ကို မရောက်သေးဘဲ တိုးနေဆဲလို့ WHO ရဲ့ အရေးပေါ် အစီအစဉ် အကြီးအကဲ ဒေါက်တာ မိုက်ခ် ရိုင်ယန်က ပြောပါတယ်။
11 months Ago
Up