ကမ္ဘာ့ ကိုဗစ်-၁၉ ကူးစက်မှု

A d v e r t i s e m e n t With Us

January 4, 2021

ကမ္ဘာတလွှား ကိုဗစ်-၁၉ ကူးစက်မှု ၈၅ ဒသမ ၂ သန်းကျော်ရှိ၊ ၁ ဒသမ ၈ သန်းကျော် သေဆုံး

ကမ္ဘာတလွှား ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံလူဦးရေဟာ ဇန်နဝါရီ ၄ ရက် မနက်  ၁ နာရီမှာ ၈၅ ဒသမ ၂ သန်း ကျော်နဲ့ ကူးစက်ခံ ၁ ဒသမ ၈ သန်းကျော် သေဆုံးခဲ့ပြီးပြီလို့ ကမ္ဘာ့ကိန်းဂဏန်းတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံတကာသုတေသီအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာ Worldometer က  သတင်းထုတ်ပြန်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကိန်းဂဏန်းစာရင်းအရ အမေရိကတိုက်မှာ ကူးစက်ခံဦးရေဟာ တကမ္ဘာလုံး စုစုပေါင်း ကူးစက်ခံ ဦးရေရဲ့ တဝက်နီးပါး ဖြစ်တဲ့ ၃၅ ဒသမ ၅ သန်းကျော်ရှိနေပြီး ဥရောပတိုက်မှာ ၂၆ ဒသမ ၅သန်း နီးပါးနဲ့ အရှေ့တောင် အာရှဒေသမှာ ၁၁ ဒသမ ၉ သန်းကျော် အသီးသီး ရှိနေကြပါတယ်။ အိန္ဒိယပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေ အရ ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံ အသစ် ၂၀,၀၀၀ ကျော်ကို မှတ်ပုံတင်ခဲ့လို့ စုစုပေါင်း ကူးစက်ခံ ဦးရေဟာ အိန္ဒိယမှာ ဇန်နဝါရီ ၄ ရက် မနက် ၁ နာရီထိ အတည်ပြုချက်အရ ၁၀ ဒသမ ၃၄ သန်း ရှိနေပါတယ်။ အရင် ကိုရိုနာဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်း ပိုကူးစက်လွယ်တဲ့ မျိုးကွဲသစ် ကူးစက်ခံ ဦးရေ ၄ ယောက်ကိုပါ ထပ်တွေ့ ခဲ့လို့ မျိုးခွဲသစ်ကူးစက်ခံ ဦးရေ စုစုပေါင်း ၂၉ ယောက် ရှိနေပြီလို့ အိန္ဒိယ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။
2 months Ago
Up