ကမ္ဘာ့ဩဇာအရှိဆုံးအမျိုးသမီး

March 6, 2020

တိုင်းမ်မဂ္ဂဇင်းကရွေးချယ်သည့် ရာစုနှစ်အတွင်း ကမ္ဘာ့ဩဇာအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းတွင်  ဒေါ်အောင်ဆန်းစုကြည်ပါဝင်

ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ကမ္ဘာမှာ ဩဇာအရှိဆုံး အမျိုးသမီး အယောက် ၁၀၀ ကို ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်ဖော်ပြရာမှာ မြန်မာနိုင်ငံက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ရွေးချယ်ခံရပါတယ်။  ‌ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရွေးချယ်ခံခဲ့ရသူတွေထဲမှာ အင်ဒီရာဂန္ဒီ၊ ကိုရာဇန်အာကွီနို၊ မာဂရက်သက်ချာ၊ ဟီလာရီကလင်တန်၊ အိန်ဂျလာမာကယ်၊  မီရှဲလ်အိုဘားမား စတဲ့ ထင်ရှားတဲ့ နိုင်ငံရေးနယ်ပယ်က အမျိုးသမီးတွေပါဝင်သလို လေဒီဒိုင်ယာနာ၊ မာရီလင်မွန်ရိုး၊ မက်ဒေါနား၊ အော်ပရာဝင်းဖရေး၊ ဆရီးနားဝီလျံ၊  မာလာလာ၊ ဂရီသာသန်းဘတ်ဂ် စတဲ့လူသိများကျော်ကြားသူ တွေလည်းပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံကို  တိုင်းမ်မဂ္ဂဇင်းက ၁၉၉၀ ပြည့်နှစ်က ထုတ်ဝေခဲ့တဲ့  မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့ဖူးပါတယ်။
2 years Ago
Up