ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံ

January 13, 2020

ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံ ထိပ်ပိုင်း မိုးကြိုးပစ်ခံရ

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာ ဆိုးဆိုးရွားရွား မိုးရွာနေတုန်း ကမ္ဘာ့အမြင့်ဆုံး  ဘာ့ဂျ်ခါလီဖှာ အဆောက်အအုံရဲ့ ထိပ်ပိုင်းကို ဇန်နဝါရီ ၁၀ ရက်က မိုးကြိုးပစ်ခံရပါတယ်။ ကမ္ဘာ့လူအစည်ကားဆုံးလေဆိပ်တွေထဲက တခုဖြစ်တဲ့ ဒူဘိုင်း နိုင်ငံတကာလေဆိပ်မှာလည်း ဇန်နဝါရီ ၁၁ ရက် တရက်လုံး မိုးသည်းပြီး ရေကြီးနေလို့ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းတာနဲ့ အချိန်ရွှေ့တာတွေ လုပ်ခဲ့ရပါတယ်။ တချို့လေကြောင်းခရီးစဉ်တွေကိုတော့ အနားက အယ်လ်မတ်ခ်တွန်လေဆိပ်ဆီ လွှဲပေးခဲ့ရပါ တယ်။ ဒူဘိုင်းလေဆိပ်ဟာ အီးမရိတ်လေကြောင်းလိုင်းနဲ့ ဖလိုင်းဒူဘိုင်းလေကြောင်းလိုင်းတွေရဲ့ အခြေစိုက်စခန်းလည်း ဖြစ်ပါတယ်။
1 year Ago
Up