ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်

A d v e r t i s e m e n t With Us

January 8, 2021

Space X တည်ထောင်သူ အီလွန်မာ့စ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာ

SpaceX  ဒုံးပျံကုမ္ပဏီတည်ထောင်သူ အီလွန်မာ့စ်ဟာ ကြွယ်ဝမှုအသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၉၅ ဘီလီယံကျော်နဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာတယ်လို့ ဘလွန်းဘာ့ဂ်သတင်းက ဇန်နဝါရီ ၇  ရက်မှာ ဖော်ပြပါတယ်။ မနေ့က သူပိုင်ဆိုင်တဲ့ The Tesla ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေ မြင့်တက်ခဲ့ပြီးနောက်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာကို ဆက်တိုက်သိမ်းပိုက်ထားနိုင်ခဲ့တဲ့ Amazon သူဌေး ဂျက်ဖ်ဘက်ဇို့စ်ရဲ့ နေရာကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အီလွန်မာ့စ်ရဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ ဒီနှစ်ထဲမှာ တန်ဖိုးမြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ပထမဆုံးအကြိမ်အဖြစ် စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံထိ ရောက်ရှိခဲ့ပြီး ဒါဟာ တခြားနာမည်ကျော်ကားကုမ္ပဏီတွေဖြစ်တဲ့ Toyota၊ Volkswagen၊ Hyundai၊ GM နဲ့ Ford တို့ထက် ပိုပြီးတော့ များပြားတဲ့ ပမာဏ ဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၅၀၀ စာရင်းကို ထုတ်ပြန်လေ့ရှိတဲ့ Bloomberg Billionaires Index ကတော့ အီလွန်မာ့စ်ဟာ ပြီးခဲ့တဲ့ နှစ်အတွင်း အရှိန်နဲ့ တိုးတက်ခဲ့ပြီး ဇူလိုင်လမှာ ဝါရန်ဘာ့ဖတ်ကို ကျော်လွန်ပြီး ၇ ယောက်မြောက် ကမ္ဘာ့ အချမ်းသာ ဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သလို နိုဝင်ဘာလမှာတော့ ဘေလ်ဂိတ်ကို ကျော်လွန်ပြီး ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ လတ်တလောမှာတော့ Tesla ရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ တွေဟာ ၇၄၃ ရာခိုင် နှုန်းအထိ မြင့်တက်ခဲ့ပြီး  ဇန်နဝါရီ ၇ ရက်နေ့မှာ ရှယ်ယာ ၈ ရာခိုင်နှုန်းနီးပါး ထိုးတက် သွားခဲ့တာ ဖြစ်ပါတယ်။ Bloomberg Billionaires Index ရဲ့ ဇယားမှာတော့ ထိပ်တန်း ၃ နေရာမှာ အီလွန်မာ့စ် ပြီးရင် နည်းပညာထိပ်တန်းသူဌေးတွေဖြစ်ကြတဲ့ ဂျက်ဖ်ဘက်ဇို့စ်နဲ့ ဘေလ်ဂိတ်တို့က ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၈၅ ဘီလီယံနဲ့ ၁၄၃ ဘီလီယံစီ အသီးသီးနဲ့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။ အီလွန်မာ့စ် တက်စ်လာအပြင် မာ့စ်ဟာ ဒုံးပျံကုမ္ပဏီ SpaceX  နဲ့ နျူရာလင့်ခ်လို လုပ်ငန်းသစ် တစ်ခု ကိုလည်း ဦးဆောင်နေပါတယ်။  အဲဒီ လုပ်ငန်းသစ်ဟာ  လူသား ဦးနှောက်နဲ့ ကွန်ပျူတာကို ဆက်သွယ်ပေးမယ့် bandwidth သိပ်မြင့်မားတဲ့ interface တွေကို ဖန်တီးနေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။  
2 months Ago
Up