ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ တဟုန်ထိုး မြင့်တက်နေတဲ့ အိန္ဒိယမှာ ဘာသာရေး နေရာတခုကို ခုတင် ၁၀,၀၀၀ ဆံ့ ကမ္ဘာ့အကြီးဆုံး ယာယီဆေးရုံအဖြစ် ပြောင်းလဲနေပါတယ်။
မြို့တော် ဒေလီက ရာဒါဇန်မနီ ဘာသာရေးစင်တာမှာ ဒါဇင်ချီတဲ့ခုတင်တွေကို တွေ့ရပါတယ်။ ဇွန် ၁၇ ရက်က ဒေလီမြို့မှာ ရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ ၄၇,၀၀၀ အထိ ခုန်တက်လာပါတယ်။
အိန္ဒိယတနိုင်ငံလုံး ကူးစက်သူ ၃၆၆,၀၀၀ ကျော်ရှိပြီး ဒေလီ၊ မွမ်ဘိုင်းနဲ့ ချန်နိုင်းမြို့တွေမှာ ကူးစက်သူတွေ မြင့်တက်နေပါတယ်။
ဇူလိုင်လကုန်မှာတော့ ကူးစက်သူ ၅၅၀,၀၀၀ အထိ ရှိလာမယ်လို့ အစိုးရက ခန့်မှန်းထားပြီး ဆေးရုံခုတင် ၁၅၀,၀၀၀ လိုအပ်မှာ ဖြစ်ပါတယ်။
အိန္ဒိယဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စတုတ္ထမြောက်အများဆုံးနိုင်ငံဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စာရင်းက ၁၂,၀၀၀ ကျော် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
8 months Ago