ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ထုတ်ပြန်လိုက်တဲ့ ဘလွန်းဒီအောအိပ်မက်အသင်း Ballon d’Or Dream Team မှာ ပီလီနဲ့ မာရာဒိုနာတို့နဲ့အတူ ရော်နယ်ဒိုနဲ့ မက်ဆီတို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။
အခုနှစ်မှာ ဘလွန်းဒီအောဆု ချီးမြင့်မယ့် အစီအစဉ် ဖျက်သိမ်းခဲ့ပေမယ့် ဘလွန်းဒီအော အိပ်မက်အသင်းကိုတော့ ရွေးချယ်ခဲ့တာပါ။
ဘလွန်းဒီအော အိပ်မက်အသင်းကို ကမ္ဘာတဝန်းက ဂျာနယ်လစ် ၁၇၀ ရဲ့ မဲပေးမှုနဲ့ ရွေးချယ်ခဲ့တာပါ။
ဂိုးသမားနေရာမှာ ရုရှားဂန္ထဝင်ဂိုးသမားကြီး ရာရှင်ကို ရွေးချယ်ခဲ့ပြီး သူက ၁၉၆၃ ခုနှစ်မှာ ဘလွန်းဒီအောဆု ရရှိခဲ့ဖူးပါတယ်။
ခံစစ် သုံးဦးနေရာမှာ ကာဖူး၊ ဘက်ကင်ဘောင်ဝါနဲ့ မာဒီနီတို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဂျာမနီ ဂန္ထဝင် ဘင်ကင်ဘောင်ဝါက ဘလွန်းဒီအော ၂ ကြိမ် ရယူခဲ့ဖူးပြီး ဘလွန်းဒီအော ရယူဖူးတဲ့ တစ်ဦးတည်းသော နောက်ခံလူအဖြစ် လက်ရှိအချိန်အထိ မှတ်တမ်းတင်ထားဆဲ ဖြစ်ပါတယ်။
ကွင်းလယ်မှာတော့ လိုသာမားသီးယက်စ်၊ ဇာဗီ၊ ပီလီနဲ့ မာရာဒိုနာတို့ကို ရွေးချယ်ခဲ့ပါတယ်။
တိုက်စစ် သုံးဦးနေရာမှာ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒို၊ ပေါ်တူဂီအသင်း ခေါင်းဆောင် စီရော်နယ်ဒိုနဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီတို့ ရွေးချယ်ခံခဲ့ရပါတယ်။
4 months Ago