လီဗာပူးကစားသမား ဗန်ဒိုက်ထက် ပိုကောင်းတဲ့ နောက်ခံလူတွေ အများကြီးရှိတယ်လို့ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်က ပြောပါတယ်။
မာဆေးဆိုဒ်ဒါဘီ ပြိုင်ဘက်တွေဖြစ်တဲ့ အဲဗာတန်နဲ့ လီဗာပူးအသင်းတို့ဟာ တနင်္လာနေ့ မနက်အစောပိုင်း ထိပ်တိုက်ရင်ဆိုင်ရမှာပါ။
အဲဒီပွဲမတိုင်ခင်မှာ ရစ်ချာလီဆန်က ဗန်ဒိုက်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ခနဲ့သွားခဲ့တာ ဖြစ်ပါတယ်။
လူတွေက ဗန်ဒိုက်ရဲ့အကြောင်း ပြောနေကြပြီး အမှန်တကယ်လည်း ခြေစွမ်းကောင်းတဲ့သူလို့ ရစ်ချာလီဆန်က ပြောပါတယ်။ ဒါပေမဲ့ လီဗာပူးနဲ့ ကစားစဉ်က ဗန်ဒိုက်ကို ကျော်ဖြတ်ပြနိုင်ခဲ့ပြီး သူ့ထက်ကောင်းတဲ့ နောက်ခံလူတွေ ရှိတယ်လို့ ဆိုပါတယ်။
ဗန်ဒိုက်ထက်ပိုကောင်းတဲ့ နောက်ခံလူတွေအဖြစ် ရီးရဲလ်မက်ဒရစ်က ဆာဂျီယိုရာမို့စ်၊ ပီအက်စ်ဂျီ နောက်ခံလူတွေဖြစ်တဲ့ သီယာဂိုးဆေးလ်ဗားနဲ့ မာကွင်ဟိုတို့ကို ရစ်ချာလီဆန်က ရွေးချယ်ခဲ့ပါတယ်။
8 months Ago