ကမ္ဘာ့အကောင်းဆုံးကစားသမား

October 17, 2021

ဆာလက်ကို ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ဘောလုံးကျွမ်းကျင်သူများ ချီးကျူး

လီဗာပူးတိုက်စစ်မှူး ဆာလက်ကို ကမ္ဘာ့အကောင်းဆုံးကစာသမားအဖြစ် ဘောလုံးကျွမ်းကျင်သူတွေက ချီးကျူးစကားဆိုပါတယ်။ 

ဆာလက်ဟာ ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး နောက်ခံလူတွေကို လိမ်ခေါက်ကျော်ဖြတ်ပြီး အနိုင်ဂိုး ၁ ဂိုးလည်း သွင်းယူနိုင်ခဲ့တာပါ။ 

အဲဒီပွဲစဉ်ကို သုံးသပ်တင်ဆက်ခဲ့တဲ့ လီဗာပူးကစားသမားဟောင်း မက်ခ်မန်နာမန်နဲ့ ဂျိုကိုးတို့ကတော့ ဆာလက်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ချီးကျူးခဲ့ကြတာပါ။ 

“ဆာလက်က လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပါပြီ။ အမ်ဘာပေ၊ နေမာနဲ့ မက်ဆီတို့ရဲ့ခြေစွမ်းကိုလည်း ကျနော် ကြည့်ပြီးပါပြီ။ သူတို့ခြေစွမ်းက မလုံလောက်သေးပါဘူး။ လီဝန်ဒေါ့စကီးကလည်း ဂိုးတွေဆက်သွင်းနေပေမယ့် ဆာလက်လို လှပတဲ့ဂိုးသွင်းတက်တဲ့ တိုက်စစ်မှူးမဟုတ်ပါဘူး” လို့ ကစားသမားဟောင်း မက်ခ်မန်နာမန်က ချီးကျူးခဲ့တာပါ။ 

BT Sport ရဲ့ ဘောလုံးသုံးသပ်သူ ဂျိုကိုးကလည်း ဆာလက်ကို ချီးကျူးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဆိုတဲ့စကားအပေါ် အငြင်းပွားကြမှာ ဖြစ်ပေမယ့် အင်္ဂလန်မှာ အကောင်းဆုံးကစာသမားဖြစ်တယ်ဆိုတာကတော့ သေချာတယ်လို့ ပြောပါတယ်။ 

3 months Ago
Up