ကမ္ဘာ့အကောင်းဆုံးကစားသမားဆု

November 26, 2020

ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ဘိုယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ့စကီး ရေပန်းစား

၂၀၂၀ ပြည့်နှစ်အတွက် ဖီဖာအကောင်းဆုံးကစားသမားဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ့စကီးရရှိဖို့ ရေပန်းစားနေပါတယ်။  မနေ့က နောက်ဆုံးစကာတင် ၁၁ ဦးစာရင်း ထုတ်ပြန်ခဲ့ရာမှာ လီဝန်ဒေါ့စကီးနဲ့အတူ စီရော်နယ်ဒို၊ မက်ဆီ၊ နေမာ၊ အမ်ဘာပေအစရှိတဲ့ ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ မနှစ်က ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁၅  ဂိုးအထိ သွင်းယူခဲ့ပါတယ်။  စကာတင် ၁၁ ဦးစာရင်းမှာ ဒီဘရိုင်း၊ ရာမို့စ်၊ ဆာလက်၊ ဗန်ဒိုက်၊ မာနေးတို့အပြင် ဘိုင်ယန် ကနေ လီဗာပူးကို ပြောင်းရွှေ့လာတဲ့ ကွင်းလယ်လူ သီယာဂိုးအယ်လ်ကန်တာရာလည်း ပါဝင်ခဲ့ ပါတယ်။  တနှစ်တာအကောင်းဆုံးနည်းပြဆုအတွက်လည်း ဘိုင်ယန်အသင်းနဲ့အတူ ဥရောပချန်ပီယံ ဆုဖလားအပါအဝင် ဆုဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ နည်းပြ ဟန်ဆီဖလစ်ရ ယူနိုင်ဖို့ ရေပန်းစား နေပါတယ်။ 
5 months Ago
Up