ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံပြိုင်ပွဲ

December 16, 2019

ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံပြိုင်ပွဲ မြန်မာအသင်း ဝင်ပြိုင်

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့  ၆ ကြိမ်မြောက်၊ ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံပြိုင်ပွဲ (ဗီယက်နမ်သိုင်း)  ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဗိုဗီနမ် အားကစားသမားတွေ ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။ မြန်မာဗိုဗီနမ်အသင်းမှာ အသင်းအုပ်ချုပ်သူ ၁ ဦး၊ ကမ္ဘာ့ဗိုဗီနမ် ကွန်ဂရက် အစည်းအဝေး တက်ရောက်မယ့်သူ ၁ ဦး၊ နည်းပြ ၂ ဦး၊ ကစားသမား ၆ ဦး၊ စုစုပေါင်း ၁၁ ဦး ပါဝင်ပါတယ်။ မြန်မာအသင်းဟာ ရန်ကုန်ကနေ ထွက်ခွာသွားရာမှာ ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ပြီး ပြိုင်ပွဲဝင်မယ့်  မြန်မာ ဗိုဗီနမ် ကစားသမားတွေကတော့ မောင်မနားကွီး၊ မောင်ဘိုဘို၊ မောင်ဟိန်းထက်အောင်၊ မခိုင်ဝါဖူး၊ မမေဟန်နီအောင်လွင်နဲ့ မနီလာထွန်းတို့ ဖြစ်ပါတယ်။  ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် ၆ ကြိမ်မြောက် ပြိုင်ပွဲမှာ  ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြိုင်ပွဲ၀င်အသင်းပေါင်း ၂၄ သင်း၀င်ရောက်ယှဉ်ပြိုင်ကြတာဖြစ်ပြီး ရွှေတံဆိပ် ၄၄ ခု ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။  မြန်မာ့လက်ရွေးစင်ဗိုဗီနမ်အသင်းဟာ ပထမဦးဆုံးကမ္ဘာ့အဆင့်ပြိုင်ပွဲအဖြစ် ၂၀၁၇ မှာ အိန္ဒိယနိုင်ငံက လက်ခံကျင်းပသည့် ၅ ကြိမ်မြောက်၊ ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၉ ခု ရရှိခဲ့ပါတယ်။  ဓာတ်ပုံ- Myanmar  Vovinam
2 years Ago
Up