ကမ္ဘာ့ဖလားပြိုင်ပွဲ

October 8, 2020

ကာတာဘောလုံးကွင်းတခုကို ဖီအာဥက္ကဋ္ဌ ပထမဆုံးအကြိမ်စစ်ဆေး

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖက်တီနိုဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် အယ်လ်ဘယက်ကွင်းကို ပထမဆုံးအကြိမ် လာရောက်စစ်ဆေးခဲ့ပါတယ်။  ဥက္ကဋ္ဌ အင်ဖက်တီနိုဟာ ပရိသတ် ၆ သောင်းဝင်ဆံ့တဲ့ အယ်လ်ဘယက်ကွင်းထဲမှာ တာဝန်ရှိသူတွေနဲ့အတူ ဘောလုံးကစားခဲ့ပြီး ပြိုင်ပွဲတာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးညှိနိူင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။  အယ်ဘယက်ကွင်းက ကောင်းမွန်တဲ့ ကွင်းဖြစ်ပြီး ဘောလုံးကွင်း စစ်စစ်ဖြစ်ကြောင်း၊ ကွင်းဒီဇိုင်းလည်း ဆန်းပြီး ခေါင်မိုးပေါ်က အာရပ်တွေရဲ့ ပုံစံအမှတ်အသားဟာလည်း လှပကြောင်း အင်ဖက်တီနိုက ချီးကျူးခဲ့ပါတယ်။  ကာတာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၆ လလောက်ကတည်းက သေချာပြင်ဆင်နေပြီး အလုပ်သမားရေးရာ ပြဿနာတွေကိုလည်း အစိုးရက ဖြေရှင်းပေးနိုင်ခဲ့တာကြောင့် ကာတာ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်မှုတွေအပေါ် ချီးကျူးကြောင်း ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုက ပြော ကြားခဲ့ပါတယ်။  
7 months Ago
Up