ကမ္ဘာ့နိုင်ငံ

A d v e r t i s e m e n t With Us

May 7, 2020

ကန့်သတ်ချက် ဖြေလျှော့ထားသည့် နိုင်ငံများကို WHO သတိပေး

ကူးစက်ကပ်ဘေး ကန့်သတ်ချက်တွေကို ဖြေလျှော့ထားတဲ့ ကမ္ဘာ့နိုင်ငံတွေဟာ အသွင်ကူးပြောင်းရေးကာလကို ဂရုတစိုက် တဆင့်ချင်း စီမံခန့်ခွဲမှု မလုပ်ပါက အသွားအလာ ကန့်သတ်တဲ့အခြေအနေ ပြန်ရောက်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးလိုက်ပါတယ်။  မေ ၆ ရက်က ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ WHO ရုံးချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း  WHO အကြီးအကဲက ခုလို သတိပေးခဲ့တာပါ။ “ကိုဗစ် -၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှု ထိန်းချုပ်ရေး ပုံစံထုတ်ထားတဲ့ စောင့်ကြည့် ထိန်းချုပ်မှုတွေ၊ ကျန်းမာရေးစနစ် ကြိုတင်ပြင်ဆင်မှုတွေလိုမျိုး ဆောင်ရွက်ချက်တွေကို မပယ်ဖျက်ခင် အစိုးရတွေဟာ လိုအပ်မယ့် လုပ်ငန်းစဉ်တွေကို WHO ရဲ့ ညွှန်ချုပ်က စာရင်းပြုစု ထားခဲ့ပါတယ်။ အသက်တွေကိုကယ်ဆင်ဖို့ ကျန်းမာရေးစနစ်တွေအတွက် ရင်းနှီးမြှုပ်နှံဖို့ လိုတယ်။”  မေ ၇ ရက်မနက်ပိုင်းအထိ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃.၈ သန်းကျော်နဲ့ သေဆုံးသူ  ၂၆၅,၀၈၄ ဦးရှိသွားပြီလို့ သိရပါတယ်။
10 months Ago

March 25, 2020

COVID-19 ကပ်ဘေး ကမ္ဘာ့နိုင်ငံတွေ ဘယ်လိုတုံ့ပြန်နေကြသလဲ (ဓာတ်ပုံ)

ကမ္ဘာ့နိုင်ငံတွေအားလုံးနီးပါးမှာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု အန္တရာယ်ဟာကပ်အသွင် ဖြစ်လာခဲ့ပြီး ဒါကို ဘယ်လို တုံ့ပြန်ကြမလဲ၊ တိုက်ဖျက်ကြမလဲ၊ ဘယ်လိုကာကွယ်ရေး အစီအမံတွေ လုပ်နေကြသလဲ ဆိုတာတွေကို ဩစတေးလျအခြေစိုက် 9news သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။ သတင်းဓာတ်ပုံ ၁၀ ပုံ ဖော်ပြထားခဲ့တာဖြစ်ပြီး ပုံတွေထဲမှာတော့ ဆားဘီးယား၊ အီတလီ၊ အမေရိကန်၊ ထိုင်း၊ စပိန်၊ ဩစတေးလျ၊ ဂျပန် စတဲ့ နိုင်ငံတွေအသီးသီးမှာ ဒီဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်ပြီး လုပ်ဆောင်နေကြတဲ့ ပုံရိပ်တွေ၊ လှုပ်ရှားသွားလာမှုတွေကို မြင်တွေ့ကြရမှာပါ။ ဂျပန်နိုင်ငံမှာ ရိုက်ကူးထားတဲ့ ပုံတပုံမှာတော့ ချယ်ရီပန်းတွေ ဝေနေတဲ့ လမ်းမပေါ် ပြည်သူတွေဟာ နှာခေါင်းစည်း အကာအကွယ်(Mask)တွေ တပ်ဆင်ပြီး သွားလာလှုပ်ရှားနေခဲ့ကြတာကို တွေ့ရပါတယ်။ နောက်ထပ်ပုံတပုံကတော့ ဩစတေးလျနိုင်ငံ၊ နာမည်ကြီး ကမ်းခြေတခုဖြစ်တဲ့ Bondi ကမ်းခြေကို လည်ပတ်ခွင့်ပိတ်ထားခဲ့ပြီးနောက် လူသူမရှိ၊ ခြောက်ကပ်နေတဲ့ အခြေအနေကို မြင်တွေ့ကြရမှာပါ။ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ မတ် ၂၄ ရက်နေ့က မြင်တွေ့ရတဲ့ ပုံတပုံမှာတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူ ရုပ်အလောင်းတွေ တင်ဆောင်လာတဲ့ ဗင်ကားတွေကို ရေခဲတိုက်ထဲ သိုလှောင်ဖို့ စစ်တပ်အရေးပေါ် ကာကွယ်ရေးယူနစ်အဖွဲ့ဝင်တွေ စောင့်ဆိုင်းနေကြတာတွေကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းက ရိုက်ကူးထားခဲ့တဲ့ ပုံတပုံမှာတော့ ထိုင်းနိုင်ငံအစိုးရက အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးချိန် ဘန်ကောက်မြို့မှ လက်ကားဈေးတခုတွင်းမှာ နှာခေါင်းစည်း အကာအကွယ် (Mask)တွေ တပ်ဆင်သွားလာနေကြတာပါ။ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှာတော့ ကုန်စည်ပြပွဲကျင်းပရာ စင်တာတခုကို ကိုရိုနာဗိုင်းရပ်စ် ကုသရေး ယာယီဆေးရုံတရုံအနေနဲ့ အသုံးပြုဖို့ ပြင်ဆင်ထားတဲ့ ပုံတွေကိုလည်း မြင်တွေ့ရမှာပါ။ လတ်တလော မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃ ဦး ရှိခဲ့ပြီဖြစ်ကာ စောင့်ကြည့်/သံသယလူနာဦးရေ စုစုပေါင်း ၂၃၈ ဦး ရှိနေပါတယ်။ တကမ္ဘာလုံးမှာတော့ မတ်လ ၂၅ ရက် ညနေ ၃ နာရီလောက်အထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရသူပေါင်း ၄၂၃,၁၄၂  ဦး သေဆုံးသူ ၁၈,၉၀၆ ဦးရှိနေပြီး နေပြန်ကောင်းသူ ၁၀၉,၁၄၅ ဦးရှိနေပြီလို့ Worldmeters ဝက်ဆိုက်မှာ ဖော်ပြပါတယ်။
12 months Ago
Up