ကမ္ဘာ့ထိပ်ဆုံးတင်းနစ်မယ်

February 25, 2020

အသက် ၁၅ နှစ်နှင့် ကမ္ဘာ့ထိပ်ဆုံးတင်းနစ်မယ် ၅၀ စာရင်းဝင် ဖြစ်လာသည့် ကိုကိုဂတ်ဖ်

ဆယ်ကျော်သက်အရွယ် အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်ဟာ ပထမဆုံးအကြိမ် ကမ္ဘာ့ထိပ်တန်း တင်းနစ်မယ် အယောက် ၅၀ စာရင်းကို ဝင်ရောက်နိုင်ပြီ ဖြစ်ပါတယ်။  အသက် ၁၅ နှစ်သာ ရှိသေးတဲ့ ဂတ်ဖ်ဟာ ၁၅ နှစ်အတွင်း ကမ္ဘာ့အဆင့် ၅၀ စာရင်းကို ဝင်ရောက်နိုင်တဲ့ ၁၅ နှစ်အရွယ် တင်းနစ်မယ်ဆိုတဲ့ စံချိန်ကို ပထမဆုံး ပိုင်ဆိုင်နိုင်လိုက်တာပါ။  ဂတ်ဖ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့် ၄၉ နေရာကို ရောက်ရှိနေပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ်မှာ ကစားသမားဘဝ ပထမဆုံး ဂရင်းဆလင်းပြိုင်ပွဲအဖြစ် ဝင်ဘလေဒန် တင်းနစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နာမည်ကျော် တင်းနစ်မယ် ဗီးနပ်စ်ဝီလီယမ်ကို ဖြတ်ကျော်ကာ စတုတ္ထအဆင့်ကို တက်လှမ်းနိုင်သွားပါတယ်။ ပြီးခဲ့တဲ့လမှာ သူမဟာ ကစားသမားဘဝ တတိယမြောက် ဂရင်းဆလင်းပြိုင်ပွဲအဖြစ် သြစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စတုတ္ထအဆင့်မှာ ဆိုဖီယာကီနင်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဂတ်ဖ်ဟာ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၆၈ နေရာကို ရရှိခဲ့ပြီး အဲဒီနှစ်အတွင်း ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံ နာအိုမီကိုဆာကိုကို ရှုံးနိမ့်ခဲ့သလို အောက်တိုဘာလ လင့်ဇ်အိုးပင်းပြိုင်ပွဲမှာတော့ WTA ဆုကို ဆွတ်ခူးနိုင်ပါတယ်။  သူမဟာ ၂၀၁၉ ခုနှစ်အစပိုင်းမှာ ကမ္ဘာ့အဆင့် ၆၈၆ ရှိရာကနေ အဆင့် ၆၈ အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။  ဂတ်ဖ်မတိုင်ခင် လက်ရှိအသက် ၃၀ ရှိပြီဖြစ်တဲ့ ဘူလ်ဂေးရီးယား တင်းနစ်မယ် ဆီဆီလ်ကာရာ တန့်ချီဗာဟာ အသက် ၁၅ နှစ်နဲ့ ကမ္ဘာ့ထိပ်ဆုံးတင်းနစ်မယ် အယောက် ၅၀ စာရင်းကို ၂၀၀၅ ခုနှစ် သြဂုတ်လမှာ ဝင်ရောက်နိုင်ခဲ့ပါတယ်။  ကိုကိုဂတ်ဖ်ဟာ လာမယ့် ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်မှာမှ အသက် ၁၆ နှစ်ပြည့်မှာ ဖြစ်ပါတယ်။
2 years Ago
Up