ကမ္ဘာ့တက္ကသိုလ်အဆင့်

September 18, 2020

ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်တွင် အောက်စဖို့ဒ်တက္ကသိုလ် ၅ နှစ်ဆက် ထိပ်ဆုံးရပ်တည်

လန်ဒန်အခြေစိုက် Times Higher Education(THE) မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်စာရင်းမှာ ဗြိတိန်နိုင်ငံက တက္ကသိုလ်တခုဖြစ်တဲ့ အောက်စဖို့ဒ်တက္ကသိုလ်ဟာ ထိပ်ဆုံးမှ ရပ်တည်နေပါတယ်။ ဒါဟာ အောက်စဖို့ဒ်တက္ကသိုလ်အနေနဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ ဒီစာရင်းမှာ ၅ နှစ် ဆက်တိုက် နံပါတ် ၁ နေရာမှာ ရပ်တည်နေနိုင်ခဲ့တာဖြစ်ပြီး အမေရိကန်တက္ကသိုလ်တွေ ဖြစ်တဲ့ စတဲန်ဖို့ဒ်တက္ကသိုလ်နဲ့ နာမည်ကျော် ဟားဗတ်တက္ကသိုလ်တွေကတော့ ဒုတိယနဲ့ တတိယနေရာတွေမှာ အသီးသီးရပ်တည်နေတာပါ။ အဲဒီနောက်မှာတော့ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်နဲ့ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်တွေက စတုတ္ထနဲ့ ပဉ္စမနေရာတွေမှာ အသီးသီး ရပ်တည်နေကြတာ ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ် Times Higher Education ရဲ့ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များ အဆင့်သတ်မှတ်မှုမှာ နိုင်ငံပေါင်း ၉၃ နိုင်ငံမှ တက္ကသိုလ်ပေါင်း ၁၅၀၀ ကျော် ပါဝင်ပြီး တက္ကသိုလ်တွေရဲ့ သင်ကြားမှု၊ သုတေသန၊ အသိပညာဖြန့်ဝေမှုနဲ့ နိုင်ငံတကာ အမြင်တွေအပေါ် မူတည်ပြီး အဆင့်သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၁၀ ခုစာရင်းမှာတော့ ဗြိတိန်တက္ကသိုလ် ၂ ခုနဲ့ အမေရိ ကန်တက္ကသိုလ် ၈ ခုက ရပ်တည်နေခဲ့တာပါ။ အဆင့် ၁၁ ကနေ ၂၅ နေရာအထိစာရင်းမှာလည်း အမေရိကန်နဲ့ ဗြိတိန်တက္ကသိုလ်တွေ လွှမ်းမိုးထားခဲ့ပြီး တခြားနိုင်ငံတွေထဲက ဆွစ်ဇာလန်၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေသာ ပါလာခဲ့တာကို တွေ့ရပါတယ်။ အဲဒီစာရင်းထဲမှာ ဆွစ်ဇာလန်နိုင်ငံက ETH Zürich တက္ကသိုလ်က အဆင့် ၁၄၊ ကနေ ဒါနိုင်ငံက University of Toronto က အဆင့် ၁၈၊ တရုတ်နိုင်ငံ တက္ကသိုလ် ၂ ခုဖြစ်တဲ့ Tsinghua University နဲ့ Peking University တွေက အဆင့် ၂၀ နဲ့ ၂၃ နေရာတွေမှာ ရှိ နေပြီး အရှေ့တောင်အာရှနာမည်ကြီးတက္ကသိုလ်တခုဖြစ်တဲ့ စင်ကာပူအမျိုးသားတက္ကသိုလ်ကတော့ အဆင့် ၂၅ နေရာမှာ ရှိနေခဲ့ပါတယ်။
1 year Ago

September 12, 2019

ကမ္ဘာ့တက္ကသိုလ်အဆင့် သတ်မှတ်ချက်တွင် အောက်စဖို့ဒ်တက္ကသိုလ် ထိပ်ဆုံးမှ ရပ်တည်

လန်ဒန်အခြေစိုက် Times Higher Education(THE) မဂ္ဂဇင်းက ထုတ်ပြန်တဲ့ က မ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်စာရင်းမှာ ဗြိတိန်နိုင်ငံမှ တက္ကသိုလ်တခုဖြစ်တဲ့ အောက်စဖို့ဒ်တက္ကသိုလ်က ထိပ်ဆုံးမှ ရပ်တည်နေပါတယ်။ ဒါဟာ အောက်စဖို့ဒ်တက္ကသိုလ်အနေနဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ ဒီစာရင်းမှာ လေးနှစ် ဆက်တိုက် နံပါတ် ၁ နေရာမှာ ရပ်တည်နေနိုင်ခဲ့တာဖြစ်ပြီး ဒုတိယနေရာမှာတော့ အမေရိကန်တက္ကသိုလ်တခုဖြစ်တဲ့ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်နဲ့  နာမည်ကြီး ကိန်းဘရစ်ချ်တက္ကသိုလ်ကတော့ တတိယနေရာမှာ အသီးသီး ရပ်တည်နေတာပါ။ ၂၀၁၉-၂၀၂၀ ပြည့်နှစ် Times Higher Education ရဲ့ ကမ္ဘာ့ထိပ်တန်း တက္က သိုလ်များအဆင့်သတ်မှတ်မှုမှာ နိုင်ငံပေါင်း ၉၂ နိုင်ငံမှ တက္ကသိုလ်ပေါင်း ၁၃၀၀ ကျော် ပါဝင်ပြီး တက္ကသိုလ်တွေရဲ့ သင်ကြားမှု၊ သုတေသန၊ အသိပညာဖြန့်ဝေမှုနဲ့ နိုင်ငံတကာ အမြင်တွေအပေါ် မူတည်ပြီး အဆင့်သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၁၀ ခုစာရင်းမှာတော့ ဗြိတိန်တက္ကသိုလ် ၃ ခုနဲ့ အမေရိကန် တက္ကသိုလ် ၇ ခုက ရပ်တည်နေခဲ့တာပါ။ အခုနှစ်စာရင်းရဲ့ ထိပ်တန်းတက္ကသိုလ် ၂၀၀ စာရင်းထဲမှာတော့ အမေရိကန်က တက္ကသိုလ် ၆၀၊ ဗြိတိန်က တက္ကသိုလ် ၂၈ ခု၊ ဂျာမနီက ၂၃ ခု၊ သြစတြေးလျနဲ့ နယ်သာ လန်တို့က ၁၁ ခုစီ၊ ကနေဒါ၊ တရုတ်နဲ့ ဆွစ်ဇာလန်တို့က ၇ ခုစီ၊ တောင်ကိုရီးယားက ၆ ခု၊ ပြင်သစ်၊ ဟောင်ကောင်၊ ဆွီဒင်တို့က ၅ ခုစီ အသီးသီး စာရင်းဝင်နေခဲ့တာ ဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန် မာတက္ကသိုလ်တွေ မပါဝင်ခဲ့ပဲ နာမည်ကြီးတက္ကသိုလ်တခုဖြစ်တဲ့ စင်ကာပူအမျိုးသား တက္ကသိုလ်ကတော့ အဆင့် ၂၅ နေရာနဲ့ အရှေ့တောင်အာရှ ထိပ်တန်းတက္ကသိုလ်အဖြစ် ရှိနေခဲ့ပါတယ်။ ============================== ကမာၻ႔တကၠသိုလ္အဆင့္ သတ္မွတ္ခ်က္တြင္ ေအာက္စဖို႔ဒ္တကၠသိုလ္ ထိပ္ဆုံးမွ ရပ္တည္ DVB လန္ဒန္အေျခစိုက္ Times Higher Education(THE) မဂၢဇင္းက ထုတ္ျပန္တဲ့ က မာၻ႔တကၠသိုလ္အဆင့္သတ္မွတ္ခ်က္စာရင္းမွာ ၿဗိတိန္ႏိုင္ငံမွ တကၠသိုလ္တခုျဖစ္တဲ့ ေအာက္စဖို႔ဒ္တကၠသိုလ္က ထိပ္ဆုံးမွ ရပ္တည္ေနပါတယ္။ ဒါဟာ ေအာက္စဖို႔ဒ္တကၠသိုလ္အေနနဲ႔ ႏွစ္စဥ္ထုတ္ျပန္တဲ့ ဒီစာရင္းမွာ ေလးႏွစ္ ဆက္တိုက္ နံပါတ္ ၁ ေနရာမွာ ရပ္တည္ေနႏိုင္ခဲ့တာျဖစ္ၿပီး ဒုတိယေနရာမွာေတာ့ အေမရိကန္တကၠသိုလ္တခုျဖစ္တဲ့ ကယ္လီဖိုးနီးယားနည္းပညာတကၠသိုလ္နဲ႔  နာမည္ႀကီး ကိန္းဘရစ္ခ်္တကၠသိုလ္ကေတာ့ တတိယေနရာမွာ အသီးသီး ရပ္တည္ေနတာပါ။ ၂၀၁၉-၂၀၂၀ ျပည့္ႏွစ္ Times Higher Education ရဲ႕ ကမာၻ႔ထိပ္တန္း တကၠ သိုလ္မ်ားအဆင့္သတ္မွတ္မႈမွာ ႏိုင္ငံေပါင္း ၉၂ ႏိုင္ငံမွ တကၠသိုလ္ေပါင္း ၁၃၀၀ ေက်ာ္ ပါဝင္ၿပီး တကၠသိုလ္ေတြရဲ႕ သင္ၾကားမႈ၊ သုေတသန၊ အသိပညာျဖန႔္ေဝမႈနဲ႔ ႏိုင္ငံတကာ အျမင္ေတြအေပၚ မူတည္ၿပီး အဆင့္သတ္မွတ္ထားတာ ျဖစ္ပါတယ္။ ကမာၻ႔ထိပ္တန္းတကၠသိုလ္ ၁၀ ခုစာရင္းမွာေတာ့ ၿဗိတိန္တကၠသိုလ္ ၃ ခုနဲ႔ အေမရိကန္ တကၠသိုလ္ ၇ ခုက ရပ္တည္ေနခဲ့တာပါ။ အခုႏွစ္စာရင္းရဲ႕ ထိပ္တန္းတကၠသိုလ္ ၂၀၀ စာရင္းထဲမွာေတာ့ အေမရိကန္က တကၠသိုလ္ ၆၀၊ ၿဗိတိန္က တကၠသိုလ္ ၂၈ ခု၊ ဂ်ာမနီက ၂၃ ခု၊ ၾသစေၾတးလ်နဲ႔ နယ္သာ လန္တို႔က ၁၁ ခုစီ၊ ကေနဒါ၊ တ႐ုတ္နဲ႔ ဆြစ္ဇာလန္တို႔က ၇ ခုစီ၊ ေတာင္ကိုရီးယားက ၆ ခု၊ ျပင္သစ္၊ ေဟာင္ေကာင္၊ ဆြီဒင္တို႔က ၅ ခုစီ အသီးသီး စာရင္းဝင္ေနခဲ့တာ ျဖစ္ပါတယ္။ ဒီစာရင္းထဲမွာ အေရွ႕ေတာင္အာရွႏိုင္ငံေတြျဖစ္တဲ့ ကေမာၻဒီးယား၊ လာအိုနဲ႔ ျမန္ မာတကၠသိုလ္ေတြ မပါဝင္ခဲ့ပဲ နာမည္ႀကီးတကၠသိုလ္တခုျဖစ္တဲ့ စင္ကာပူအမ်ိဳးသား တကၠသိုလ္ကေတာ့ အဆင့္ ၂၅ ေနရာနဲ႔ အေရွ႕ေတာင္အာရွ ထိပ္တန္းတကၠသိုလ္အျဖစ္ ရွိေနခဲ့ပါတယ္။
2 years Ago
Up