ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး

March 28, 2020

ဂိုးသမား စတီဂျန်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် ဘိုင်ယန်မြူးနစ် ပြင်ဆင်

ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာဂိုးသမား စတီဂျန်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဘိုင်ယန်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နူအာဟာ အသင်းဘက်က တနှစ်စာချုပ်သက်တမ်း တိုးမယ့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာကြောင့် ဂိုးသမားသစ်တဦး ခေါ်ယူဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ စပိန်သတင်းစာတွေရဲ့ အဆိုအရ ဘိုင်ယန်အသင်းဟာ ဘာစီလိုနာအသင်းက ဂျာမန်ဂိုးသမား စတီဂျန်ကို မျက်စိကျနေပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၉၀ ဝန်းကျင်နဲ့ ကမ်းလှမ်းဖွယ်ရှိတယ်လို့ သိရပါတယ်။  ဘာစီလိုနာအသင်းဘက်ကတော့ စတီဂျန်ကို လက်မလွှတ်လိုပေမယ့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေကြောင့် လက်ခံစဉ်းစားဖွယ်ရှိတယ်လို့ သိရပါတယ်။
2 years Ago
Up