လန်ဒန်မြို့ခံ ကလပ်နှစ်သင်းရဲ့ စိတ်ဝင်စားနေမှုကို တားဆီးနိုင်ဖို့အတွက် နည်းပြ ဘင်နီတက်ဇ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ကမ္ဘာ့စံချိန်တင်ကြေးတရပ်အဖြစ် ဒါလီယန်ရီဖန်းအသင်းက တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
စပိန်သား ရာဖာဘင်နီတက်ဇ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေါင်သန်း ၂၀ အထိ သတ်မှတ်လိုက်ပြီး ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့ရဲ့ စိတ်ဝင်စားမှုတွေကို လျော့ကျစေဖို့ တရုတ်စူပါလိဂ်ကလပ်က ရည်ရွယ်နေတာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ နည်းပြ ပယ်လီဂရီနီရဲ့နေရာမှာ အစားထိုးဖို့ လီဗာပူးနဲ့ တခေတ်တခါက ချန်ပီယံဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူ ဘင်နီတက်ဇ်ဟာ ပစ်မှတ်တခု ဖြစ်လာသလို နည်းပြနေရာ လစ်လပ်နေတဲ့ အာဆင်နယ်အသင်းကတော့ သူတို့ခေါ်ယူဖို့ ရည်ရွယ်ထားတဲ့ နည်းပြစာရင်းမှာ ဘင်နီတက်ဇ်ကိုလည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။
ဘင်နီတက်ဇ်ဟာ နယူးကာဆယ်အသင်းကနေ ထွက်ခွာပြီးတဲ့နောက်မှာ တရုတ်ကလပ်နဲ့ သဘောတူညီမှု ရခဲ့ပြီးတော့ တနှစ် ပေါင် ၁၂ သန်း ရရှိမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ပထမဦးစားပေး ပစ်မှတ်ဖြစ်တဲ့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကိုလည်း မကြာသေးတဲ့အချိန်က လက်စတာစီးတီးအသင်းဘက်ကနေ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၄ သန်းအထိ သတ်မှတ်ထားခဲ့ပါတယ်။
3 years Ago