ကမ္ဘာ့စက်မှုထိပ်သီးအင်အားကြီး

August 24, 2021

အာဖဂန်အရေး ကမ္ဘာ့စက်မှုထိပ်သီးအင်အားကြီး G7 နိုင်ငံခေါင်းဆောင်များ ဆွေးနွေးမည်

အာဂန်ပြည်သူတွေကို ကဘူးလ်လေဆိပ်ကနေ ဘေးကင်းရာ ရွှေ့ပြောင်းပေး နိုင်ဖို့ကိစ္စ ကမ္ဘာ့စက်မှုထိပ်သီးအင်အားကြီး ၇ နိုင်ငံအဖွဲ့ G7 ရဲ့ ခေါင်းဆောင်တွေဟာ ညှိနှိုင်းဖို့  လိုတယ် လို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဟိုက်ခိုမားစ်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်က သတ်မှတ်ထားတဲ့ သြဂုတ် ၃၁ ရက် နောက်ဆုံးနေ့ သတ်မှတ်ချက်ထက် ကျော်လွန်ပြီး လူတွေကို ဘေးကင်းရာနေရာဆီ ရွှေ့ပြောင်းတဲ့ လုပ်ငန်းတွေ ဆက်လုပ်သင့်မလားဆိုတာကိုလည်း ဆုံးဖြတ်ဖို့လိုတယ်လို့ ပြောပါတယ်။

ဒီနေ့ကျင်းပမယ့် ထိပ်သီးညီလာခံမှာ G7 ခေါင်းဆောင်တွေဟာ ကဘူးလ်လေဆိပ်မှာ စုပြုံတိုးဝှေ့ နေကြတဲ့ အာဖဂန်ရွှေ့ပြောင်းနေထိုင်သူတွေအတွက်  လက်လှမ်းမီအောင်နဲ့ အခြေအနေ ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတာ ဆွေးနွေးမယ်လို့ ဟိုက်ခိုမားစ်က ဆက်ပြောပါတယ်။

ဂျာမနီအစိုးရကတော့ သြဂုတ် ၃၁ ရက်နေ့ကို ကျော်ပြီး လေဆိပ်ကို လုပ်ငန်းလည်ပတ်နေအောင် လုပ်ဖို့ နည်းလမ်းတွေ ရှာနေတယ်လို့ ဟိုက်ခိုမားစ်က ပြောပါတယ်။

သြဂုတ် ၁၅ ရက်က တာလီဘန်တွေ အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးလ်ကို သိမ်းပိုက်ခဲ့ပြီးတည်းက ထောင်ချီတဲ့အာဖဂန်ပြည်သူတွေဟာ  နိုင်ငံတကာ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့လိုက်ပါသွားနိုင်ဖို့ ကဘူးလ်လေဆိပ်မှာ စုရုံးရောက်ရှိနေခဲ့ ကြပါတယ်။

3 months Ago
Up