ကမ္ဘာအေးဘုရားလမ်းမ

October 7, 2019

ကမ္ဘာအေးဘုရားလမ်းမပေါ်က စပါးအုံးမြွေကို မီးသတ်တပ်ဖွဲ့ ဖမ်းဆီး (ဓာတ်ပုံ)

ရန်ကုန်မြို့  ကမ္ဘာအေးဘုရားလမ်းမပေါ်က စပါးအုံးမြွေတကောင်ကို မီးသတ်တပ်ဖွဲ့ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ စက်တင်ဘာ ၆ ရက်နေ့က ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ကတဆင့် ပလက်ဖောင်းအတွင်း စပါးအုံးမြွေတကောင် ဝင်ရောက်ပြီး ဆက်မသွားတော့ဘဲ ခန္ဓာကိုယ်တဝက် ကားလမ်းပေါ် တင်နေကြောင်း သတင်းပေးပို့ချက်အရ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဆိုပါ စပါးအုံးမြွေကို မရမ်းကုန်းမြို့နယ်မီးသတ်စခန်းက သွားရောက်ဖမ်းဆီးပြီး မင်္ဂလာဒုံမြို့နယ်၊ စိတ္တသုခ တပ်ဦးကျောင်းတိုက် ဘေးမဲ့မြွေခြံအတွင်း မိုးစေတနာအသင်းပိုင်ကားနဲ့ သွားရောက်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ Photo : Myanmar Fire Services Department
2 years Ago
Up