ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကား

July 20, 2020

ကနေဒါနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက်

ကနေဒါနိုင်ငံတောင်ပိုင်း၊ အယ်လ်ဘာတာပြည်နယ်မှာ ရေခဲမြစ်ဆီ သွားရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားတစီး ဇူလိုင် ၁၈ ရက်က တိမ်းမှောက်ခဲ့တာကြောင့် လူ ၃ ယောက် သေဆုံးပြီး လူအတော်များများ ဒဏ်ရာရခဲ့တယ်လို့ CBC သတင်းဌာနက အစီရင်ခံပါတယ်။ ခရီးသည် ၂၇ ယောက် တင်လာတဲ့ ရှုခင်းကြည့် ဘတ်စ်ကားဟာ အယ်လ်ဘာတာပြည်နယ်က ဂျက်စ်ပါအမျိုးသား ဥယျာဉ်ထဲမှာ ရှိတဲ့ ကိုလံဘီယာ ရေခဲပြင်နားက ရေခဲမြစ်ဆီကို သွားရင်း မှောက်ခဲ့တာလို့ ဆိုပါတယ်။ တိမ်းမှောက်ခဲ့တဲ့ဘတ်စ်ကားဟာ ရေခဲလွင်ပြင်ဆီ ကမ္ဘာလှည့်ခရီးသည်တွေကို ပို့ပေးနေတဲ့ ပါဆုထ်ကုမ္ပဏီပိုင် ဖြစ်တယ်လို့ သိရပါတယ်။
10 months Ago
Up