ကမ္ဘာလှည့်ခရီးသည်တင်ကား

November 4, 2019

ပြင်သစ်တွင် ကမ္ဘာလှည့်ခရီးသည်တင်ကား မှောက်ပြီး လူ ၃၀ ကျော် ဒဏ်ရာရ 

ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားတစီး ပြင်သစ်နိုင်ငံမြောက်ပိုင်း အမ်မြောင်မြို့နားမှာ နိုဝင်ဘာ ၃ ရက်က တိမ်းမှောက်ခဲ့လို့ လူ ၃၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ မြို့တော်ပါရီကနေ ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်ကို သွားတဲ့ ဘတ်စ်ကား မှောက်လို့ နိုင်ငံ ၈ နိုင်ငံက  နိုင်ငံသားတွေ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲက ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ခရီးသည် လေးဦးကို ဆေးကုဖို့ ဒေသန္တရဆေးရုံတွေဆီ တင်ပို့ပြီးပြီလို့ ရဲက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဘတ်စ်ကား တိမ်းမှောက်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
2 years Ago
Up