ကမ္ဘာလှည့်ခရီးသည်

July 7, 2020

ရုရှား တွန်ကာအမျိုးသားဥယျာဉ်ကို ကမ္ဘာလှည့်ခရီးသည်များ မသွားရန် ကတုတ်ကျင်းတူးတားဆီး

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ ဆိုက်ဘေးရီးယား ဒေသတွင်း တွန်ကာ အမျိုးသားဥယျာဉ်ဆီကို ကမ္ဘာလှည့် ခရီးသည် မသွားအောင် ရုရှားအာဏာပိုင်တွေက ရွာတရွာမှာ ကတုတ်ကျင်းတူးပြီး တားဆီးထားပါတယ်။ ဆိုက်ဘေးရီးယားဒေသ ဘိုင်ကယ်ကန်ကြီးရဲ့ အရှေ့တောင်ဘက် ကီလို ၃၀ အကွာမှာ ရှိတဲ့ ဒီရွာထဲမှာ ရွာသား ၃၉၀ လောက်ရှိပြီး ကူးစက်ခံအတည်ပြု လူနာ ၃၇ ယောက် ရှိနေပါတယ်။ အဲလို ကူးစက်ခံရတာဟာ ဓလေ့ထုံးတမ်းအရ နတ်ဆရာ ပူဇော်ပွဲကနေ ကူးစက်တာလို့ ဒေသန္တရအရာရှိတွေက ယုံကြည်နေကြပါတယ်။ ရွာသား ၉၅ ယောက်က အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့ပြီး ရောဂါခြေချုပ်နဲ့နေဖို့ လိုအပ်တယ်လို့ ဒေသခံ ထွေအုပ်အကြီးအကဲက ပြောပါတယ်။ ကူးစက်ခံ အမျိုးသမီးတယောက်က ဇွန် ၁၀ ရက်က ကျင်းပတဲ့ နတ်ဆရာအဖြစ် ဖျော်ဖြေတဲ့နတ်ပွဲကို ရွာသား ဒါဇင်ချီ ပါဝင်ဆင်နွှဲခဲ့ရာက ကူးစက်မှုစခဲ့တာလို့ ပြောပါတယ်။ ဒေသတွင်းမှာ လူစုလူဝေး ဖြစ်စေမယ့် ပွဲစဉ်တွေကို တားမြစ်ပိတ်ပင်ထားတဲ့ကြားက နတ်ဆရာ ပူဇော်ပွဲ ကျင်းပခဲ့တာဟာ ဒဏ်ငွေဆောင်ရနိုင်တယ်လို့ ရုရှား စားသုံးသူဘေးကင်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။ ကတုတ်ကျင်းနဲ့ ပိတ်မထားတဲ့ ရွာရဲ့တခုတည်းသောလမ်းကို ဒေသန္တရ အာဏာပိုင်တွေက ကင်းလှည့် စောင့်ကြည့်နေပြီး လူနာတင်ယာဉ်နဲ့ စားနပ်ရိက္ခာ သယ်ပို့ဖို့အတွက်ကိုသာ ခွင့်ပြုထားပါတယ်။ ရုရှားမှာ ဇွန် ၇ ရက်နေ့ ညနေပိုင်းထိ အတည်ပြုထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာ ၆၉၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၀ ကျော်နဲ့ ကူးစက် ကပ်ဘေးသင့်မှု ကမ္ဘာ့စတုတ္ထအများဆုံးနိုင်ငံလည်း ဖြစ်လာနေပါတယ်။
10 months Ago

August 23, 2019

ကျူးဘားတွင် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုနှုန်း ၂၃ ရာခိုင်နှုန်းကျော် လျော့ကျ

ကျူးဘားနိုင်ငံမှာ အခုနှစ် ဇူလိုင်လအတွင်း ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုနှုန်း ၂၃ ရာခိုင်နှုန်းကျော် လျော့ကျခဲ့တယ်လို့ သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန်တဲ့ တရားဝင် အချက်အလက်တွေက ဖော်ပြပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အမေရိကန်အစိုးရက ကျူးဘားနိုင်ငံကို ခရီးသွားခွင့် ကန့်သတ် တင်းကျပ်လိုက်ပြီးနောက် အခုလို ခရီးသွားအရေအတွက် လျော့ကျသွားခဲ့တာပါ။ အမေရိကန်အစိုးရဟာ ကျူးဘားနိုင်ငံကို အပျော်စီးသင်္ဘောတွေနဲ့ ရေကြောင်းကနေ သွားတာကို တားမြစ်လိုက်တဲ့ ဇွန်လမှာပဲ ကျူးဘားကို ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုနှုန်း ၂၀ ရာခိုင်နှုန်း လျော့ကျခဲ့တာ ဖြစ်ပါတယ်။ သမ္မတဟောင်း ဘားရက် အိုဘားမား လက်ထက်မှာ အမေရိကန်-ကျူးဘား နှစ်နိုင်ငံ တင်းမာမှုတွေ လျော့ချခဲ့ပြီး နောက်နှစ်တွေမှာ ကျူးဘားကို ခရီးသွားဝင်ရောက်မှုနှုန်း မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ ထရမ့်လက်ထက်မှာတော့ ကျူးဘား ခရီးသွားကဏ္ဍအတွက် အခြေအနေ မကောင်းခဲ့ပါဘူး။ ကျူးဘား ကွန်မြူနစ်အစိုးရအနေနဲ့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို ထောက်ခံအားပေးတာတွေ ရပ်ဆိုင်းဖို့ ဖိအားပေးရေး လှုံဆော်မှု တစိတ်တပိုင်းအနေနဲ့ ထရမ့်ဟာ ကျူးဘားနဲ့ စီးပွားရေး၊ ခရီးသွားကဏ္ဍနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ပစ်မှတ်ထား ဖိအားပေးခဲ့ပါတယ်။
Zawgyi Version က်ဴးဘားတြင္ ကမာၻလွည့္ခရီးသြား ဝင္ေရာက္မႈႏႈန္း ၂၃ ရာခိုင္ႏႈန္းေက်ာ္ ေလ်ာ့က် DVB က်ဴးဘားႏိုင္ငံမွာ အခုႏွစ္ ဇူလိုင္လအတြင္း ကမာၻလွည့္ခရီးသြား ဝင္ေရာက္မႈႏႈန္း ၂၃ ရာခိုင္ႏႈန္းေက်ာ္ ေလ်ာ့က်ခဲ့တယ္လို႔ ၾသဂုတ္ ၂၁ ရက္မွာ ထုတ္ျပန္တဲ့ တရားဝင္ အခ်က္အလက္ေတြက ေဖာ္ျပပါတယ္။ သမၼတ ေဒၚနယ္ထရမ့္ ဦးေဆာင္တဲ့ အေမရိကန္အစိုးရက က်ဴးဘားႏိုင္ငံကို ခရီးသြားခြင့္ ကန္႔သတ္ တင္းက်ပ္လိုက္ၿပီးေနာက္ အခုလို ခရီးသြားအေရအတြက္ ေလ်ာ့က်သြားခဲ့တာပါ။ အေမရိကန္အစိုးရဟာ က်ဴးဘားႏိုင္ငံကို အေပ်ာ္စီးသေဘၤာေတြနဲ႔ ေရေၾကာင္းကေန သြားတာကို တားျမစ္လိုက္တဲ့ ဇြန္လမွာပဲ က်ဴးဘားကို ကမာၻလွည့္ခရီးသြား ဝင္ေရာက္မႈႏႈန္း ၂၀ ရာခိုင္ႏႈန္း ေလ်ာ့က်ခဲ့တာ ျဖစ္ပါတယ္။ သမၼတေဟာင္း ဘားရက္ အိုဘားမား လက္ထက္မွာ အေမရိကန္-က်ဴးဘား ႏွစ္ႏိုင္ငံ တင္းမာမႈေတြ ေလ်ာ့ခ်ခဲ့ၿပီး ေနာက္ႏွစ္ေတြမွာ က်ဴးဘားကို ခရီးသြားဝင္ေရာက္မႈႏႈန္း ျမင့္တက္ခဲ့ပါတယ္။ ဒါေပမယ့္ လက္ရွိ ထရမ့္လက္ထက္မွာေတာ့ က်ဴးဘား ခရီးသြားက႑အတြက္ အေျခအေန မေကာင္းခဲ့ပါဘူး။ က်ဴးဘား ကြန္ျမဴနစ္အစိုးရအေနနဲ႔ ဗင္နီဇြဲလားသမၼတ နီကိုးလပ္စ္မာဒူ႐ိုကို ေထာက္ခံအားေပးတာေတြ ရပ္ဆိုင္းဖို႔ ဖိအားေပးေရး လႈံေဆာ္မႈ တစိတ္တပိုင္းအေနနဲ႔ ထရမ့္ဟာ က်ဴးဘားနဲ႔ စီးပြားေရး၊ ခရီးသြားက႑နဲ႔ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ပစ္မွတ္ထား ဖိအားေပးခဲ့ပါတယ္။
2 years Ago
Up