ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှု

October 21, 2021

ဗြိတိန်ဘုရင်မကြီးက ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှု ထပ်သီးညီလာခံတက်ရောက်သူများကိုဧည့်ခံ

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးညီလာခံ အထိမ်း အမှတ်အနေနဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဝင်ဆာရဲတိုက်မှာ ဧည့်ခံပွဲ တည်ခင်းကျင်းပခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက်မှာ ကျင်းပတဲ့ ဒီပွဲကို နိုင်ငံ့ခေါင်းဆောင်တွေနဲ့အတူ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၊ ဝေလမင်းသားနဲ့ ကိမ်းဘရေ့ချ်မြို့စားတို့လည်း တက်ရောက်ပါတယ်။

အဲဒီနေ့ အစောပိုင်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းတွေမှာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇၂ ဘီလီယံကို  ပုဂ္ဂလိကအနေနဲ့ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ဝန်ကြီးချုပ်က ကြေညာပါတယ်။

ဒါ့အပြင် ကမ္ဘာ့ထိပ်တန်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ အမှုဆောင် အရာရှိတွေကို ပြောတဲ့ မိန့်ခွန်းအတွင်း ဒေါ်လာ ထရီလီယံချီတဲ့ စျေးကွက်တွေမှာ လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

လန်ဒန်မှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးညီလာခံဟာ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်အပြီးမှာ ရင်းနှီးမြှုပ်နှံသူတွေ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ရှိမယ့် နည်းပညာတွေအတွက် အပြိုင်အဆိုင် သူ့ထက်ငါ သာရအောင် ကြိုးစားဖို့ အကြီးဆုံး တွန်းအားပေး တဲ့ ညီလာခံလည်း ဖြစ်ပါတယ်။

3 months Ago
Up