အီရန်နိုင်ငံရဲ့ပထမဆုံး စစ်ဘက်ဆိုင်ရာဂြိုဟ်တုကို ဧပြီ ၂၂ ရက်က ကမ္ဘာပတ်လမ်းထဲ လွှတ်တင်ခဲ့ပါတယ်။
မက်ဆင်ဂျာလို့အမည်ရတဲ့ ဒုံးပျံဟာ နူးရ်ဆိုတဲ့ ဂြိုဟ်တုကို သယ်ဆောင်သွားခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က ပြောခဲ့ပေမယ့် အသုံးပြုတဲ့ နည်းပညာအသေးစိတ်ကို မပြောခဲ့ပါဘူး။
ဒီလိုလွှတ်တင်တာက နိုင်ငံအတွက် အရေးပါတဲ့ အောင်မြင်မှု ဖြစ်တယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ်အကြီးအကဲ ဟိုစိန် ဆလမ်မီက ပြောပါတယ်။
အီရန်နိုင်ငံဟာ ထောက်လှမ်းရေးနဲ့သတင်းအချက်အလက် စွမ်းဆောင်ရည်နယ်ပယ်မှာ ခုန်ပျံကျော်လွှားခဲ့တယ်လို့ ဆလမ်မီက သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။
အခုချိန်မှာတော့ နူးရ်ဂြိုဟ်တုဟာ ကမ္ဘာမြေအထက် ၂၆၄ မိုင်အကွာမှာ လှည့်ပတ်နေ တယ်လို့ တော်လှန်ရေးအစောင့်တပ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အီရန်ရဲ့ နျူဒုံးကျည်အစီအစဉ်နဲ့ပတ်သက်လို့ အမေရိကန်နဲ့ တင်းမာမှု ဖြစ်နေချိန်နဲ့ အီရန် ထိပ်တန်းတပ်မှူး ကတ်ဆမ်ဆိုလေမန်နီကို အမေရိကန်ဒရုန်းယာဉ်နဲ့ လုပ်ကြံပြီး လပိုင်း အကြာမှာ အီရန်နိုင်ငံက အခုလို စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုကို လွှတ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။
11 months Ago