ကမ္ဘာပတ်

November 20, 2020

ရေလမ်းသုံးကမ္ဘာပတ်မှု နှစ် ၅၀၀ ပြည့်အထိမ်းအမှတ် ဗြိတိန်ရေကြောင်းပြ ၁ ဦး ရွက်လှေဖြင့် ကမ္ဘာပတ်

ရေကြောင်းခရီးနဲ့ ကမ္ဘာကို ပထမဆုံးပတ်ခဲ့တဲ့ အနှစ် ၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ်  ဗြိတိန်ရေကြောင်းပြ ၁ ဦးဟာ လျှပ်စစ်စွမ်းအင်သုံး ရွက်လှေနဲ့  နိုဝင်ဘာ ၁၉ ရက်မှာ ကမ္ဘာ ပတ်ခရီးကို စတင်လိုက်ပါတယ်။   ရေကြောင်းပြ ဂျင်မီကော်နဲဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က ဖာဒီနန်မက်ဂျဲလန်နဲ့ ဟွမ်စဘတ်တီယန်အယ်ကာနိုတို့ရဲ့ ပထမဆုံး ကမ္ဘာပတ်ရေကြောင်းခရီးစဉ်အတိုင်း  "အယ်ကာနို ၅၀၀" ရွက်လှေနဲ့ ခရီးဆန့်မှာ ဖြစ်ပါတယ်။ ရေကြောင်းပြ ကော်နဲဟာ သူရဲ့ပထမဆုံး ကမ္ဘာပတ်ရေကြောင်းခရီးစဉ်ကို ၁၉၇၅ မှာ စတင်ပြီး ၁၉၈၁ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။  အဲဒီနှစ်တွေမှာ  သူရောက်ခဲ့တဲ့နေရာတွေကို နောက်တဖန် လည်ပတ်ရာမှာတော့  ရာသီဥတု ပြောင်းလဲမှုကြောင့် အပျက်အစီးတွေကို ထိတ်လန့်ဖွယ် သူမြင်တွေ့ခဲ့ရတယ်လို့ ကော်နဲက ဆိုပါတယ်။  ဒါကြောင့်ပဲ သူဟာ ကာဗွန်ထုတ်လွှတ်မှု သုညရှိတဲ့ လျှပ်စစ်စွမ်းအင် အပြည့်သုံး အယ်ကာနို ရွက်လှေနဲ့ ကမ္ဘာပတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့  ကော်နဲက ပြောပါတယ်။ 
5 months Ago
Up