ကမ္ဘာတဲရွာ

October 25, 2021

ကျောက်ပန်းတောင်းမြို့နယ် ကမ္ဘာတဲရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ကမ္ဘာတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းအေးကို အောက်တိုဘာ ၂၄ ရက်ညနေပိုင်းမှာ ကျောက်ပန်းတောင်း-တောင်သာ-မလှိုင် မဟာမိတ်ပူးပေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဒေသခံတစ်ဦးက “ကမ္ဘာတဲရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရတာ ဟုတ်ပါတယ်။ ၅ ချက်လောက် ထိသွားပြီး သေဆုံးသွာတယ်ဆိုတာ သိရတယ်။ သူက ရွာကို စစ်တပ်တွေလာဖို့ ခေါ်တယ်။ စစ်တပ်လာရင် ရွာကလူတွေ ကြောက်လန့်ပြီး တောထဲပြေးကြရတယ်။ အခုလည်းပဲ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရလို့ စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး ရွာပတ်လည် ဝိုင်းထားတယ်၊ စစ်လား မေးလားတွေလည်း လုပ်နေတယ်” လို့ ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့နယ် ကမ္ဘာတဲရွာနေ မှုခင်းသတင်းထောက် ကြံ့ခိုင်ရေးအဖွဲ့ဝင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒလန် သတင်းပေး ဦးသောင်းအေးအား TTA ပြောက်ကျားတပ် (တောင်သာ)၊ UGFM (မလှိူင်)၊ 21KPG (ကျောက်ပန်းတောင်း) မဟာမိတ်ပူးပေါင်းအဖွဲ့က သုတ်သင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

3 months Ago
Up