ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၄ သန်းကျော်နှင့် သေဆုံးသူ

December 26, 2020

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၈၀ ကျော်ရှိလာ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ဒီနေ့မနက်အထိ သန်း ၈၀ ကျော်နဲ့ သေဆုံးသူ ၁၇ သိန်းကျော်နဲ့ ရောဂါ ပြန်လည်သက်သာလာသူက ၅၆ သန်းကျော်ရှိတယ်လို့ worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာတဝန်းမှာ အမေရိကန်နိုင်ငံက ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉ သန်းကျော်၊ သေဆုံးသူ ၃၃၈,၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ သန်းကျော်၊ သေဆုံးသူ ၁၄၇,၀၀၀ နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံကတော့ တတိယအများဆုံးဖြစ်ပြီး ကိုဗစ်အတည်ပြုလူနာ ၇ သန်းကျော်နဲ့ သေဆုံးသူ ၁၉၁,၀၀၀ ကျော်ရှိပါတယ်။ အဲဒီနောက်မှာတော့ ရုရှားက အတည်ပြုလူနာ ၂၉ သိန်း ကျော်နဲ့ သေဆုံးသူ ၅၃,၆၀၀ ကျော်၊ ပြင်သစ်က လူနာ ၂၅ သိန်းကျော်နဲ့ သေဆုံးသူ ၆၂,၀၀၀ ကျော် အသီးသီးရပ်တည်နေပါတယ်။
5 months Ago

November 25, 2020

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူသန်း ၆၀ ကျော်လာ၊ ၂၂ သန်းကျော်က အမေရိကန်နှင့် အိန္ဒိယ ကဖြစ်

ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ သန်း ၆၀ ကျော်လာခဲ့ပြီး အဲဒီထဲက၂၂ သန်းကျော်က အမေရိကန်နဲ့အိန္ဒိယနိုင်ငံတွေကဖြစ်တယ်လို့ သိရပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ ပြီး သေဆုံးသူအရေအတွက်ကတော့ ၁ ဒသမ ၄ သန်းကျော် လာခဲ့ပြီဖြစ်ပြီး ရောဂါပြန် လည်ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၄၁ ဒသမ ၄ သန်းကျော် ရှိနေခဲ့တာ ဖြစ် ပါတယ်။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၂ ဒသမ ၉ သန်းကျော်နဲ့ သေဆုံးသူ ၂၆၅,၆၄၅ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၁၃၄,၇၄၃ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၁၇၀,၁၁၅ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီး သီး ရပ်တည်နေပါတယ်။ အဲဒီ ၃ နိုင်ငံနောက်မှာတော့ ပြင်သစ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၅၀,၂၃၇ ယောက်၊ ရုရှားနိုင်ငံက ကူးစက်ခံရသူ ၂ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၃၇,၀၃၁ ယောက်၊ စပိန်နိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၄၃,၆၆၈ ယောက်၊ ယူကေနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၅ သန်းကျော်နဲ့ သေဆုံးသူ ၅၅,၈၃၈ ယောက်၊ အီတလီနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၅၁,၃၀၆ ယောက်၊ အာဂျင်တီးနားနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၃၇,၄၃၂ ယောက်၊ ကိုလံဘီယာနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၃၅,၆၇၇ ယောက်စီနဲ့ ရပ်တည်နေပါတယ်။ လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေတဲ့ မက္က ဆီကိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၁ သန်းကျော်နဲ့သေဆုံးသူ ၁ သိန်း ကျော် ရှိနေခဲ့တာပါ။ ဒါကြောင့်မို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၁ သန်း ကျော်ရှိတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ် မှာ ဖော်ပြထားပါတယ်။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၄၆၄ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအ တွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၆၈ နေရာထိ ကျဆင်းသွား ခဲ့ပါတယ်။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၈၈၀,၅၄၂ ယောက်၊ ၅၃၉,၇၄၉ ယောက်၊ ၅၀၆,၃၀၂ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၅၁,၉၉၀ ယောက်နဲ့ သေဆုံးသူ ၆,၄၄၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၂၁,၇၂၂ ယောက်နဲ့ သေဆုံးသူ ၈,၁၈၅ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။ လတ်တလော တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ နိုဝင်ဘာ ၂၄ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၈၂,၂၃၆ ယောက်၊ သေဆုံးသူ ၁,၇၈၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၆၀,၉၆၅ ယောက် ရှိနေပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၅၈,၈၄၇ ယောက်နဲ့ သေဆုံးသူ ၃၄၁ ယောက် ရှိပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၁၈၃ ယောက်နဲ့ သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃,၉၂၂ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၆၀ ယောက် ရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၃၁၆ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၅၀ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၃၀၆ ယောက်နဲ့ ၃၉ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိ သေးပါဘူး။
6 months Ago
Up