တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်သန်း ၅၀ ကျော်နဲ့ သေဆုံးသူ ၁ ဒသမ ၂ သန်း ကျော်ရှိလာခဲ့ပြီဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။
ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၀ သန်းကျော်နဲ့ သေဆုံးသူ ၂၄၃,၂၅၇ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၈ ဒသမ ၅ သန်းကျော်နဲ့ သေဆုံးသူ ၁၂၆,၁၆၂ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၁၆၂,၂၈၆ ယောက်စီနဲ့ ထိပ်ဆုံးမှာ အသီးသီး ရပ် တည်နေပါ တယ်။
အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးသူ ၃၀,၂၅၁ ယောက်၊ ပြင်သစ်နိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးသူ ၄၀,၁၆၉ ယောက်၊ စပိန်နိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၃၈,၈၃၃ ယောက်၊ အာဂျင်တီးနားနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၃၃,၃၄၈ ယောက်၊ ယူကေနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၄၈,၈၈၈ ယောက်၊ ကိုလံဘီယာနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၃၂,၅၉၅ ယောက်စီနဲ့ ရပ်တည်နေပါတယ်။
ဒါကြောင့်မို့ လတ်တလောအချိန်ထိ ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၉ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၂၁၂ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအ တွင်း သေဆုံးသူထပ်တိုးမလာပဲ နိုင်ငံအလိုက် အမှတ်စဉ် ၅၉ နေရာထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူ ဦးရေ ၆၇၃,၂၅၀ ယောက်၊ ၄၉၆,၀၁၉ ယောက်၊ ၄၃၃,၈၃၆ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၁၈,၇၆၄ ယောက်နဲ့ သေဆုံးသူ ၆,၀၄၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃၉၃,၉၆၁ ယောက်နဲ့ သေဆုံးသူ ၇,၄၈၅ ယောက်နဲ့ ဒုတိ ယနေရာမှာ ရှိနေခဲ့ပါတယ်။
လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ နိုဝင်ဘာ ၇ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၆၀,၉၄၈ ယောက်၊ သေဆုံးသူ ၁,၃၉၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၄၄,၆၆၆ ယောက် ရှိနေပြီး အာဆီယံ နိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၀၅၄ ယောက်နဲ့ သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၃၉,၃၅၇ ယောက်နဲ့ သေဆုံးသူ ၂၈၂ ယောက် ရှိပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃,၈၃၀ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာပဲ ၆၀ ယောက် ရှိနေပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၂၁၃ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာပဲ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၄၈ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။
ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၉၅ ယောက်နဲ့ ၂၄ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။
တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ရောဂါပြန်လည်ပျောက်ကင်း လာသူ အရေအတွက်ကတော့ ၃၅ ဒသမ ၅ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
5 months Ago