ကမ္ဘာကျော် LV ဖက်ရှင်

A d v e r t i s e m e n t With Us

April 14, 2020

ကမ္ဘာကျော် LV ဖက်ရှင်ပစ္စည်းအလုပ်ရုံများကို နှာခေါင်းစည်းထုတ်လုပ်ရာ နေရာအဖြစ် ပြောင်းလဲ

ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် လူးဝစ်ဗီတွန် (LV) ဟာ ပြင်သစ်မှာရှိတဲ့ ဖက်ရှင်ပစ္စည်းထုတ်အလုပ်ရုံတွေကို နှာခေါင်းစည်း ထုတ်လုပ်ရာနေရာအဖြစ် ပြောင်းလဲလိုက်ပါပြီ။  ပြင်သစ်နိုင်ငံက ကျန်းမာရေးလုပ်သားတွေဟာ ဆေးဘက်ဆိုင်ရာပစ္စည်း ပြတ်လပ်တာတွေ ကြုံနေရတာမို့ လူးဝစ်ဗီတွန်က နှာခေါင်းစည်းပေါင်း သိန်းချီ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။   ကုမ္ပဏီဟာ အစိုးရအဖွဲ့အစည်းအမျိုးမျိုး ထောက်ခံအတည်ပြုတဲ့ ခွဲခန်းသုံး မဟုတ်တဲ့ နှာခေါင်းစည်း ထုတ်လုပ်ရေးအတွက် လုပ်ငန်းခွင် ၅ ခုမှာ လက်မှုကျွမ်းကျင်သူ အယောက် ၃၀၀ ကို ခန့်အပ်ထားတယ်လို့  သတင်းထုတ်ပြန်ပါတယ်။ ပြင်သစ်နိုင်ငံအနောက်ပိုင်းက စိန့်ဖလောရင့်စ် အလုပ်ရုံမှာတော့ အပ်ချုပ်သမ ၂၂ ယောက်ကို နှာခေါင်းစည်းချုပ်ဖို့ တာဝန်ပေးထားပါပြီ။ ပြီးခဲ့တဲ့ မတ်လတုန်းက ပြင်သစ်ဟာ နှာခေါင်းစည်း အရေအတွက် ၁ ဘီလီယံကျော်မှာယူခဲ့ရပြီး အများစုကို တရုတ်ပြည်က မှာယူခဲ့ပါတယ်။   ဒါကြောင့် ကျန်းမာရေးပြဿနာ ပေါ်ပေါက်တဲ့ ကာလမျိုးတွေမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ နိုင်ငံတွင်းမှာပဲ နှာခေါင်းစည်းတွေကို တိုးမြှင့်ထုတ်လုပ်ဖို့ သမ္မတ မာခွန်းက တိုက်တွန်းနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
11 months Ago
Up