ကမ္ဘာကျေ

A d v e r t i s e m e n t With Us

April 2, 2020

ကိုရိုနာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည့် ကမ္ဘာကျော် အနုပညာရှင်များ (ဓာတ်ပုံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

လတ်တလောမှာ ကပ်ရောဂါအသွင်ဆောင်နေတဲ့ ကိုရိုနာ COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုဟာ တိုးပွားလာနေခဲ့ပြီး အဲဒီလို ကူးစက်ခံရသူတွေထဲမှာ ကမ္ဘာတလွှား နာမည်ကျော် သရုပ်ဆောင်တွေ၊ အဆိုတော်တွေနဲ့အတူ တခြားထင်ရှားသူတွေလည်း အမြောက်အမြား ပါဝင်နေခဲ့တာကို တွေ့ရပါတယ်။ နာမည်ကျော် စီအန်အန်တင်းဌာနမှာတော့ ကိုရိုနာ COVID-19 ဗိုင်းရပ်စ်ကူး စက်ခံထားရပြီး ကြံ့ကြံ့ခံကုသတိုက်ဖျက်ဖို့ ကြိုးစားနေရတဲ့၊ ပြန်လည်ပျောက်ကင်းသက်သာခဲ့ပြီဖြစ်တဲ့ ကမ္ဘာကျော်ဆယ်လီတချို့ကို ဖော်ပြထားခဲ့ပါတယ်။ [caption id="attachment_379790" align="aligncenter" width="793"] Rita Wilson and Tom Hanks-Instargram[/caption] စောစောပိုင်းကာလ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပျံ့နှံ့သွားခဲ့တဲ့ နာမည်ကျော်တယောက်ကတော့ ဟောလိဝုဒ်စတား မင်းသားကြီး Tom Hanks နဲ့ ဇနီး ဖြစ်သူတို့ပဲ ဖြစ်ပါတယ်။ မတ်လ ၁၂ ရက်‌နေ့က သူ့ရဲ့ အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် COVID-19 Positive အဖြေနဲ့ ကူးစက်ခံထားရကြောင်း ပရိသတ်တွေကို မျှဝေအသိပေးထားခဲ့တာ ဖြစ်ပါတယ်။ မင်းသားကြီးဟာ ဇနီးဖြစ်သူနဲ့ ဩစတြေးလျနိုင်ငံမှာ ရိုက်ကူးရေးတခုအတွက် ရှိနေခဲ့ချိန်မှာ ကူးစက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ပြန်လည်သက်သာကောင်းမွန်လာခဲ့ပြီ ဖြစ်ပါတယ်။ “အားလုံးပဲ… ကျနော် အမေရိကန်က ကျနော့်ရဲ့ အိမ်ကို ပြန်ရောက်ပါပြီ။ လက်ရှိ မှာလည်း လူစုလူဝေးတွေကို ရှောင်ပြီး သီးခြားနေရပါဦးမယ်။ ကျနော်တို့ကို ဒီကာလ တွင်း ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့ကြတဲ့ ဩစတေးလျနိုင်ငံသားအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်” ဇနီးဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး၊ ထုတ်လုပ်သူ Rita Wilson ကလည်း လော့စ် အိန်ဂျလိစ်က နေအိမ်မှာ ရောက်ရှိနေထိုင်နေပြီဖြစ်ကာ မတ်လ ၂၉ ရက်နေ့ကတော့ သူ့ရဲ့ အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သူ့ကိုယ်သူ “COVID-19 မှ လွတ်မြောက်လာသူ”လို့ ရည်ညွှန်းရေးသားခဲ့ပါတယ်။ [caption id="attachment_379791" align="aligncenter" width="792"] Getty Images[/caption] COVID-19 ကူးစက်ခံရသူတွေထဲမှာ ဗြိတိန်လူမည်းမင်းသား Idris Elba လည်း ပါဝင်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့မှာတော့ သူ့မှာ ရောဂါကူးစက်ခံထားရကြောင်း ကြေညာခဲ့တာပါ။ [caption id="attachment_379792" align="aligncenter" width="787"] Reuters[/caption] အဲဒီနောက်တော့ သီးခြားစောင့်ကြပ်ကြည့်ရှုပြီး ကုသခဲ့ရပြီး နာမည်ကြီး ရုပ်သံအ စီအစဉ်တင်ဆက်သူ Oprah Winfrey  နဲ့ ဒီဗိုင်းရပ်စ်အကြောင်း "Oprah Talks: COVID-19" အစီအစဉ်မှာတော့ ယေဘုယျအားဖြင့် သူနေကောင်းနေပြီလို့ ဖြေခဲ့ပါတယ်။ [caption id="attachment_379793" align="aligncenter" width="796"] Photo by Tolga AKMEN / AFP[/caption] နောက်ထပ်ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေထဲမှာတော့ ဂျိမ်းစ်ဘွန်းရုပ်ရှင်မင်းသမီးလို့ ပြောရမယ့် သရုပ်ဆောင် Olga Kurylenko ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့မှာတော့ သူ့မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ထုတ်ဖော်ပြောကြားလိုက်တာပါ။ အဲဒီနောက်မှာတော့ စနစ်တကျ စောင့်ကြပ်ကုသမှုနဲ့အတူ ပြန်လည်ကောင်းမွန် သက်သာလာခဲ့ပြီး ခုတော့ လုံးဝသက်သာခဲ့ပြီလို့ ဆိုပါတယ်။ [caption id="attachment_379794" align="aligncenter" width="802"] youtube.com-KTLA 5[/caption] Frozen 2 မင်းသမီး Rachel Matthews ကတော့ မတ်လ ၁၆ ရက်နေ့မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရှိခဲ့တာပါ။ အင်စတာဂရမ်ပို့စ်တခုမှာတော့ သူက “တကယ့်ကို ထူးထူးဆန်းဆန်းပဲ၊ (ညွှန်ကြားချက်အရ တခြားဘာမှလုပ်ဖို့ မပြောခင်အထိ” သီးခြားစောင့်ကြပ်ကုသမှုခံရဦးမယ်လို့ ဖော်ပြထားပါတယ်။ [caption id="attachment_379795" align="aligncenter" width="787"] Reuters[/caption] အမေရိကန် အဆိုတော်ကြီး John Prine ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဆေးရုံမှာ ဆက်လက်ကုသမှုတွေ လက်ရှိခံယူနေရဆဲဖြစ်တယ်လို့ မိသားစုဝင်တွေက ဆို ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေရတဲ့ အဆိုတော်ကြီးဟာ အသက် ၇၃ နှစ်အရွယ် ရှိနေပြီဖြစ်ကာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ နောက်ထပ် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံခဲ့ရသူတွေထဲမှာတော့ အဆို တော် Charlotte Lawrence ၊ The Good Doctor ရုပ်သံစီးရီးစ်နဲ့ လူသိများတဲ့ ကိုရီးယား သရုပ်ဆောင်မင်းသား Daniel Dae Kim ၊ အမေရိကန် နာမည်ကျော်  ရုပ်သံအစီအစဉ် တင်ဆက်သူ Colton Underwood၊ Andy Cohen ၊ သရုပ်ဆောင်မင်းသမီး Debi Mazar ၊ Laura Bell Bundy ၊ အဆိုတော် Jackson Browne ၊ အမေရိကန်ရက်ပ်ပါ Slim Thug ၊ သရုပ်ဆောင်မင်းသား Greg Rikaart ၊ နော်ဝေသရုပ်ဆောင်မင်းသား Kristofer Hiviu ၊ အမေရိကန် သရုပ်ဆောင်မင်းသား Michael Yo တို့လည်း ပါဝင်နေကြပါတယ်။ လတ်တလောအချိန်မှာတော့ ကမ္ဘာ့နိုင်ငံတွေအနှံ့ ဒီဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၃၅,၈၄၀ ဦး၊ သေဆုံးသူ ၄၇,၂၄၁ ဦးနဲ့ ပြန်လည်သက်သာ ကျန်းမာလာသူ ၁၉၄,၂၈၆ ယောက် ရှိနေခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်စာမျက်နှာမှာ ဖော်ပြထားခဲ့ပါတယ်။
11 months Ago
Up