ကမ္ဗည်းပြားဖွင့်လှစ်

September 25, 2020

တိုက်ခိုက်မှုကြောင့် လူ  ၅၁ ဦး သေဆုံးခဲ့သည့် နယူးဇီလန် ဗလီကျောင်းတွင် ကမ္ဗည်းပြားဖွင့်လှစ်

မနှစ်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ  ၅၁ ယောက် သေဆုံးခဲ့တဲ့ နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က အယ်လ်နူးရ် ဗလီဝတ်ကျောင်းမှာ  ရေးထိုးထားတဲ့ ကမ္ဗည်းပြားကို  ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်က  စက်တင်ဘာလ ၂၄ ရက်မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။  ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ ဝန်ကြီးချုပ် အာဒန်ကို ဗလီဝတ်ကျောင်းမှာ ပန်းစည်းနဲ့ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။  အဲဒီနောက် အာဒန်ဟာ ကမ္ဗည်းပြားကို ဖွင့်လှစ်ခဲ့ပြီး အဲဒီ ကမ္ဗည်းပြားမှာ "၂၀၁၉ မတ်လ ၁၅ ရက်နေ့က  သေဆုံးခဲ့တဲ့ အာဇာနည် ၅၁ ယောက် အမှတ်တရ" လို့ ရေးထိုးထားပါတယ်။  ဝတ်ပြုသူ ၅၁ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှုရဲ့ တရားခံ ဘရန်တန် တာရန့်ကို နယူးဇီလန် တရားရုံးက ခံဝန်ချက်နဲ့ လွှတ်ခွင့်မပြုတဲ့ ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခဲ့ပြီး ဒါဟာ နယူးဇီလန် သမိုင်းမှာ ပထမဆုံးချမှတ်တဲ့ ပြစ်ဒဏ်ဖြစ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
7 months Ago
Up