ကမ္ဘာ့ Monster Truck ကားပြိုင်ပွဲတွင် နှစ်ပတ်ကျွမ်းထိုး မောင်းပြ (ရုပ်သံ)

April 5, 2017

ကမ္ဘာ့ Monster Truck ကားပြိုင်ပွဲတွင် နှစ်ပတ်ကျွမ်းထိုး မောင်းပြ (ရုပ်သံ)

ဘီးအကြီးကြီးတွေပါတဲ့ Monter Truck လို့ ခေါ်တဲ့ ထရပ်ကားမျိုး မောင်းနှင်စွမ်းရည်ပြသူ လီအိုဒေါ်နယ်လ်က ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်က ကားရဲ့ ရှေ့ဘီး ၂ ဘီးကို ထောင်ပြီး ကားမောင်းစွမ်းရည်ပြသွားခဲ့ပါတယ်။ ကမ္ဘာ့ Monster Truck ကား နောက်ဆုံးပြိုင်ပွဲစဉ်ကို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ကျင်းပရာ အမေရိကန်နိုင်၊ နဗားဒါးပြည်နယ်၊ လက်စ်ဗီဂက်စ်မြို့က စမ်ဘွိုင်းဒ် အားကစားရုံမှာ ကားမောင်းသမား လီအိုဒေါ်နယ်လ်က ရှေ့ဘီးတွေကိုထောင် နောက်ဘီး ၂ ဘီးတည်းနဲ့ မောင်းပြပြီး ကားမောင်းစွမ်းရည်နဲ့ စွန့်စားမှုကို လာရောက်ကြည့်ရှုနေတဲ့ ပရိသတ်ကြီးကို ပြခဲ့တာလို့ သိရပါတယ်။ ကားမောင်းသူလီဟာ ပုံမှန်သမားရိုးကျ ကားမောင်းပုံတွေအစား ကားရဲ့နောက်ဘီး ၂ ဖက်ကိုသာအားပြုပြီး ရှေ့ဘီးတွေကို လွတ်ထားကာ ကားကို မောင်းပြခဲ့ပါတယ်။ အဲ့ဒီနောက် နောက်ဘီးတွေကိုသာ အားပြုမောင်းရင်းနဲ့ အတားအဆီးတွေကို ကျော်ဖြတ် မောင်းပြရာကနေ ကားကို နှစ်ပတ်ကျွမ်းအထိ ထိုးပြပြီး ဘီးလေးဘီးနဲ့ ပြန်ကျအောင် မောင်းခဲ့တာတဲ့ လီရဲ့အံ့မခန်းကားမောင်းစွမ်းရည်ကို ရုပ်သံထဲမှာ မြင်ရမှာပါ။ ဒီလိုအစွမ်းပြမောင်းနှင်ခဲ့တာက လီအိုဒေါ်နယ်အတွက် VP Racing Fuel’s Mad ကားမောင်းပြိုင်ပွဲရဲ့ ပထမဦးဆုံးသော ကမ္ဘာ့ချန်ပီယမ်အဖြစ် ရရှိသွားစေတယ်လို့လည်း သိရပါတယ်။
4 years Ago
Up