တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဒေါင်းခရိုင်ရဲ့ မြို့တစ်မြို့ဖြစ်တဲ့ ဂွမ်ကျိုးမြို့မှာ ကမ္ဘာ့ဒုတိယအကြီးဆုံး ကုန်တင်သဘောင်္ကြီးကို ဒီဇင်ဘာလ ၈ ရက်နေ့က လူထုကို မိတ်ဆက်ပြသခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ အလင်းသစ်လို့ အဓိပ္ပာယ်ရတဲ့ ဒီသင်္ဘောကြီးကို တရုတ်ဘာသာနဲ့ Xinguanghua လို့ အမည်ပေးထားပြီး ဒီသင်္ဘောကြီးဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးကုန်တင်သင်္ဘောကြီးလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီသင်္ဘောကြီးဟာ ၂၅၅ မီတာ ရှည်ပြီး၊ ၆၈ မီတာကျယ်တယ်၊ သင်္ဘောရဲ့ ဒီဇိုင်းနဲ့ ဆောက်လုပ်မှုကို တရုတ်နိုင်ငံရဲ့ ဂွမ်ကျိုး သင်္ဘောတည်ဆောက်ရေး အင်တာနေရှင်နယ် ကုမ္ပဏီလစ်မစ်တက်မှ ဖန်တီးဆောက်လုပ်ခဲ့တာလို့လည်း သိရပါတယ်။
သင်္ဘောကြီး ကုန်းပတ်ရဲ့ ဧရိယာဟာ ၁၄,၀၀၀ စကွဲမီတာရှိပြီး ပုံမှန်ဘောလုံးကွင်း ၂ ကွင်းစာထက် ပိုမိုကျယ်ဝန်းတယ်လို့ ဆိုပါတယ်။ ဒီသင်္ဘောကြီးဟာ ကုန်တန်ချိန် ၁ သိန်းကို တင်ဆောင်နိုင်မယ့် ကုန္တင္သေဘာၤႀကီးပါ။
သေဘာၤႀကီးကို ကမ္ဘာအကောင်းဆုံး နည်းပညာစနစ်အချို့နဲ့ တပ်ဆင်တည်ဆောက်ထားတယ်လို့လည်း သိရပါတယ်။
6 years Ago