ကမ္ဘာ့ဂြိုဟ်ပတ်လမ်းထဲက

December 11, 2016

ကမ္ဘာ့ဂြိုဟ်ပတ်လမ်းထဲက အမှိုက်များသိမ်းမည့် အာကာသယာဉ် လွှတ်တင် (ရုပ်သံ)

ကမ္ဘာ့ဂြိုဟ်ပတ်လမ်းထဲ ပျံ့လွှင့်နေတဲ့ ဒုံးပျံနဲ့ ဂြိုဟ်တုအမှိုက်သရိုက်တွေကို ရှင်းလင်းဖယ်ရှားရေး အာကာသယာဉ်တစင်းကို ဂျပန်နိုင်ငံက လွှတ်တင်ခဲ့ပါတယ်။ ငါးဖမ်းပိုက်ကွန်ကုမ္ပဏီတခုရဲ့ အကူအညီနဲ့ မိုင်ဝက်လောက်ရှည်တဲ့ ကြိုးတချောင်းကို အမှိုက်လင်းရှင်းရေးယာဉ်မှာ တပ်ဆင်ထားပြီး ကမ္ဘာပတ်လမ်းထဲ အမှိုက်တွေကို ဆွဲယူရှင်းလင်းမှာဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာလာပြီဖြစ်တဲ့ အာကာသစူးစမ်းရေးလုပ်ငန်းတွေကနေ ထွက်လာတဲ့ အမှိုက်သရိုက်အစအနပေါင်း သန်း ၁၀၀ ကျော်လောက်ရှိလာပြီး အနာဂတ်အာကာသလုပ်ငန်းတွေနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေအတွက် ကြီးမားတဲ့ အန္တရာယ်တွေဖြစ်နေတာပါ။ ဒီ အမှိုက်ရှင်းလင်းဖယ်ရှားရေးစီမံကိန်းကြောင့် အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျနေတဲ့ ကမ္ဘာ့အာကာသစူးစမ်းရေးလုပ်ငန်းတွေအတွက် အကျိုးအမြတ်ကြီးမားပေမယ့် အရွယ်ကြီးမားတဲ့ အာကာသအမှိုက်သရိုက်တွေလောက်ပဲ ရှင်းလင်းနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။
5 years Ago
Up