ဒီဇင်ဘာလ ၁ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ပြင်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ပြည်သူတွေကို HIV/AIDS နဲ့ ပတ်သက်ပြီး အသိပညာပေးဆွေးနွေးတာတွေနဲ့ ဖျော်ဖြေရေး အခမ်းအနားတွေ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပြည်သူတွေမှာ HIV/AIDS နဲ့ ပတ်သက်ပြီး ဗဟုသုတအားနည်းတာတွေ ရောဂါကို စစ်ဆေးရမှာကို ရှက်ကြောက်တာတွေ ရှိနေသေးတယ်လို့ သိရပါတယ်။
HIV ရာဂါဖြစ်ပွားမှု ရှိမရှိ ကြိုတင်သိရှိရအောင် လူတိုင်း သွေးစစ်ကြည့်သင့်တယ်လို့ ပြည့်သူကျန်းမာရေးအဖွဲ့က ပြောပါတယ်။
သတင်းဓာတ်ပုံ - ခိုင်ပန်းနု
4 years Ago