ကမ္ဘာ့ဂေဟစနစ်

October 9, 2018

ကမ္ဘာကြီးပူနွေးမှုကို ၁.၅ ဒီဂရီ ဆဲစီးယပ်စ်ကန့်သတ်ရေး အလွန်အရေးကြီးဟုဆို

ကမ္ဘာကြီးပူနွေးမှုကို ၁.၅ ဒီဂရီ ဆဲစီးယပ်စ်ကန့်သတ်ရေးဟာ လူသားမျိုးနွယ်နဲ့ ကမ္ဘာ့ဂေဟစနစ် ထိန်းသိမ်းရေးအတွက် အလွန်အရေးကြီးတယ်လို့ ကမ္ဘာ့မိုးလေ၀သ အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။   ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ အောက်တိုဘာ ၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကမ္ဘာ့မိုးလေ၀သအဖွဲ့ အတွင်းရေးမှူးချုပ်က အပူချိန် ၂ ဒီဂရီအထိ မြင့်တက်ရင် ဂေဟစနစ်ကို ဖျက်ဆီးနိုင်တဲ့ ကပ်ဘေးတွေ ဆက်တိုက်ဖြစ်လာနိုင်ပြီး ကမ္ဘာကြီးပူနွေးမှုကို ၁.၅ ဒီဂရီဆဲစီးယပ်စ်မှာ ကန့်သတ်နိုင်ရင်တော့ ကပ်ဘေးတွေကို ရှောင်လွဲနိုင်မယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလို ကန့်သတ်ထားနိုင်ရင် သန်းနဲ့ချီတဲ့ အသက်တွေကို ကယ်တင်နိုင်ပြီး အာတိတ်သမုဒ္ဒရာအတွင်း ရေခဲအရည်ပျော်မှု နည်းသွားမယ်လို့ သူက ဆိုပါတယ်။ ဒီအတွက်  အန္တရာယ်ရှိတဲ့ ပင်လယ်ရေမြင့်တက်မှု လျှော့ကျနိုင်ပြီး သန္တာကျောက်တန်းတွေဟာလည်း အလွယ်တကူ သေဆုံးမှာ မဟုတ်ဘူးလို့ အတွင်းရေးမှူးချုပ် ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up